Skip to main content

ရွှေဘိုမြို့ ပုခန်းကျောင်းတိုက် ဦးစီးပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တဝိမလာဘိဝံသ မဟာထေရ်မြတ်ကြီး ဘဝနတ်ထံပျံလွန်တော်မူ

နေပြည်တော် အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်()ရပ်ကွက်၊ ပုခန်းကျောင်းတိုက် ဦးစီးပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တဝိမလာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၃)နှစ်၊ သိက္ခာတော်(၇၃)ဝါအရ  ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ()ရက်၊ (၁၁-၁၀-၂၀၂၁) တနင်္လာနေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကို (၁၇-၁၀-၂၀၂၁)ရက်နေ့ တွင် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိပါသည်။

သတင်းစဉ်