Skip to main content

နေပြည်တော် အောက်တိုဘာ ၁၆

 

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေး တို့အတွက် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများဆိုင်ရာ “လေ့ကျင့်သင်ကြား ရေးလုပ်ငန်းများ သရုပ်ပြပွဲ” အခမ်းအနားကို ယနေ့ နံနက် ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သင်တန်း ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးလှမိုးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ဦးစီးဌာနရှိ စက်ပစ္စည်းများကို အသုံးပြုပြီး Incubation Center ထူထောင်ဖွင့်လှစ်၍ သင်တန်း သားများအား လေ့ကျင့်ပေးခြင်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သည့်နေရာတွင် ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းရရှိပြီး မိသားစုပုံမှန်ဝင်ငွေရစေမည့် အသက်မွေး ဝမ်းကျောင်းပညာ ကာလတိုသင်တန်းများကို အရည် အသွေးပြည့်မီစွာ ဖွင့်လှစ်သင်ကြားပေးရန် လိုအပ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းအမယ်သစ်များ ပေါ်ပေါက် လာစေရေး အတွက်လည်း သုတေသနပြု စမ်းသပ်ထုတ်လုပ်မှုများကို အားထည့်ကြိုးပမ်း ဆောင် ရွက်သွား ရမည်ဖြစ်ကြောင်း၊ ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကော်ဖီကို စားသောက်ကုန်အတွက် သာမက ကော်ဖီအခြေခံတန်ဖိုးမြှင့် လူသုံးကုန် ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ လုပ်ငန်းသုံးစက် ကိရိယာများ ကို တောင်သူ များ သမဝါယမစနစ်ဖြင့် ဝယ်ယူနိုင်ရေးအတွက် သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တို့နှင့် ပေါင်းစပ်ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ကုန်ထုတ်လုပ်ငန်းဆိုင်ရာ လေ့ကျင့်သင်ကြားရေးဌာနများ တည်ထောင်ပြီး အသေးစား လုပ်ငန်းရှင်များ မွေးထုတ်ပေး ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းလာပြီး တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ နည်းပညာများရရှိနိုင်ရန် ပြည်တွင်းရှိ ပညာရှင်များထံမှ သင်ယူ နိုင်ရေး၊ ပြည်ပသို့စေလွှတ်၍ နည်းပညာရယူနိုင်ရေးနှင့် ခေတ်မီသည့်စက်ပစ္စည်း ကိရိယာများရရှိရေးကို ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းခန်းမအတွင်း နည်းပြများမှ သင်တန်းသူ/ သင်တန်းသားများအား လက်တွေ့သင်ကြားပို့ချသရုပ်ပြမှုများ၊ စပါးပျိုး ထောင်ခြင်း စံပြနမူနာပျိုးရုံ၊ ငှက်ပျောသီးအခြောက်ခံရုံနှင့် လက်တွန်း မျိုးစေ့ချကိရိယာဖြင့် လက်တွေ့သရုပ်ပြမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)