Skip to main content

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်


နေပြည်တော်၊ အောက်တိုဘာ - ၁၆


ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့် စောင့် ကြည့်ရမည့်သူများအား  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး၀န် ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ် ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေး လျက်ရှိသည်။
ပို့ဆောင်
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မ လမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟို ကာကွယ် ဆေးသို လှောင်ခန်း၌ထားရှိသော  ဆေးတစ် လုံးလျှင် လူ ၂ဦးထိုးနှံနိုင်သည့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဆေးများကို တနင်္သာရီ တိုင်းဒေသကြီး၊ ထား၀ယ်မြို့ သို့ ဆေး ၂၅၁၇ လုံးနှင့် ဆေးထိုးအပ် ၅၀၃၄ ချောင်း၊ မြိတ်မြို့သို့ ဆေး ၁၁၈၅၈ လုံးနှင့် ဆေးထိုးအပ် ၂၃၇၁၆ ချောင်း၊ ကော့သောင်းမြို့နယ်သို့ ဆေး ၃၂၀၉ လုံးနှင့် ဆေးထိုးအပ် ၆၄၁၈ ချောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်သို့ ဆေး ၂၉၅၁၅ လုံးနှင့် ဆေးထိုးအပ် ၅၉၀၃၀ ချောင်း၊ စစ်တွေမြို့သို့ ဆေး ၆၄၃၅၇ လုံးနှင့် ဆေးထိုးအပ် ၁၂၈၇၁၄ ချောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ဆေး ၁၆၁၅၆ လုံးနှင့် ဆေးထိုးအပ် ၃၂၃၁၂ ချောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ဆေး ၁၀၁၄ လုံးနှင့် ဆေးထိုးအပ် ၂၀၂၈ ချောင်း၊ ပလက်၀မြို့သို့ ဆေး ၁၅၇၇ လုံးနှင့် ဆေးထိုးအပ် ၃၁၅၄ ချောင်း၊ တီးတိန်မြို့သို့ ဆေး ၅၆၃ လုံးနှင့် ဆေးထိုးအပ် ၁၁၂၆ ချောင်း၊ တွန်းဇံမြို့သို့ ဆေး ၃၉ လုံးနှင့် ဆေးထိုးအပ် ၇၈ ချောင်း၊ ဖလမ်းမြို့သို့ ဆေး ၃၀၀ လုံးနှင့် ဆေးထိုးအပ် ၆၀၀ ချောင်း၊ မတူပီမြို့  သို့ ဆေး ၁၈၇ လုံးနှင့် ဆေးထိုးအပ် ၃၇၄ ချောင်း၊ ကန်ပက်လက်မြို့သို့ ဆေး ၇၅ လုံးနှင့် ဆေးထိုးအပ် ၁၅၀ ချောင်း၊ လွိုင်ကော်မြို့သို့ ဆေး ၃၇၁ လုံးနှင့် ဆေးထိုးအပ် ၇၄၂ ချောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့သို့ ဆေး ၃၈၆၁ လုံးနှင့် ဆေးထိုးအပ် ၇၇၂၂ ချောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးမြို့သို့ ဆေး ၆၀၁၆ လုံးနှင့် ဆေးထိုးအပ် ၁၂၀၃၂ ချောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့သို့ ဆေး ၃၀၀၈ လုံးနှင့် ဆေးထိုးအပ် ၆၀၁၆ ချောင်းတို့ကို မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ တပ်မတော်(လေ) ပို့ဆောင်ရေးလေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေး သွားမည်ဖြစ် ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်