Skip to main content

နေပြည်တော် အောက်တိုဘာ ၂၀

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌  ဗုဒ္ဓရုပ် ပွားတော်များနှင့် မဟာဗောဓိပင်အား အနေကဇာတင်ပူဇော်ခြင်း ရေစက်ချမင်္ဂလာ အခမ်း အနားသို တက်ရောက်ပြီး  ရုပ်သံလွှင့်လုပ်ငန်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးသည်။

 

ဆက်ကပ်ပူဇော်

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်  တာဝန်ရှိသူများသည် မဟာဗောဓိအောင်မြေ ကုန်းတော်ရှိ ဗုဒ္ဓရုပ်ပွားတော် ၈ ဆူနှင့် မဟာဗောဓိပင်တိုအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး များ  ဆက်ကပ် ပူဇော်လှူဒါန်းသည်။

 

ဆက်လက်၍ နေပြည်တော်-တပ်ကုန်းမြိုနယ် သံဃနာယကဥက္ကဌ မဟာဇနက ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဝဏ္ဏာရဟနှင့် သံဃာတော်များက ဗုဒ္ဓရုပ်ပွားတော်(၈)ဆူနှင့် မဟာဗောဓိပင်တိုအား ဗုဒ္ဓဘိသေက အနေက ဇာတင် ပူဇော်ကြသည်။

           

ထိုနောက် ဆရာတော်များထံမှ ငါးပါးသီလခံယူခြင်း၊ သံဃာတော်များက ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းနှင့် ဇနီး ဒေါ်ခင်ဆွေဝင်းနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

ညောင်ရေသွန်းလောင်းပူဇော်

 

ယင်းနောက်   ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပါယ်ခြင်းနှင့် မဟာဗောဓိပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခြင်းများ ပြုလုပ်ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတိုက ဗုဒ္ဓရုပ်ပွားတော်များနှင့် မဟာ ဗောဓိပင် ပူဇော်လှူဒါန်းရခြင်း ကမ္ဗည်းကျောက်စာတိုင်ကို စိုက်ထူဖွင့်လှစ်ပေးပြီး ရတနာ ရွှေမိုးငွေမိုး ရွာသွန်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အမှတ်တရလက်ဆောင်များပေးအပ်

 

ထိုနောက်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌  နေ့စဉ် ရုပ်သံလွှင့်လုပ်ငန်းတာဝန် ထမ်းဆောင်လျက်ရှိသည့်    ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးကာ သီတင်းကျွတ် အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

 

 ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား နှုတ်ဆက်အားပေးစကား ပြောကြား ရာတွင်    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများသည် ယခင် ကိုဗစ်ကာလ ရုံးပိတ် ရက် ရှည် များ၊ ယခုလို သီတင်းကျွတ် ရုံးပိတ်ရက်များ၊ သင်္ကြန်ရုံးပိတ်ရက်ရှည်များ အပါ အဝင် ရုံးပိတ် ရက်များတွင် အခြားသော ဝန်ထမ်းများကဲ့သို နားရက်မရှိဘဲ မီဒီယာ လုပ်ငန်း များကို နိုင်ငံ အတွက် ၊ ပြည်သူ့အတွက် ဆောင်ရွက်နေကြရသည့်အတွက် အသိအမှတ်ပြု၊ ဂုဏ်ပြုပါ ကြောင်း ပြောကြားသည်။

 

ရုံးပိတ်ရက်မရှိ ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိ

 

 မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ပြည်သူ့အတွက် သတင်းအချက်အလက် ပြန်ကြားခြင်း၊ အသိပညာမျှဝေ ပေးခြင်းနှင့် ဖျော်ဖြေမှုပေးခြင်းတိုကို ရုပ်မြင်သံကြားထုတ်လွှင့် မှုများအား MRTV-HD ၊ NRC ၊ Farmers ၊ Education ၊ Sports ၊ Hluttaw Channel တို အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်သည့်  MITV ၊ MRTV Entertainment Channel တိုဖြင့် လည်းကောင်း၊ ရေဒီယိုထုတ်လွှင့်မှုများအား မြန်မာ့အသံရေဒီယို၊ တိုင်းရင်းသားရေဒီယို၊ သပြေရေဒီယို၊ မေယု FM နှင့် အင်္ဂလိပ်ဘာသာဖြင့် Myanmar Radio တိုဖြင့်လည်းကောင်း၊ MRTV  Webportal တည်ထောင်ပြီး Online Media များဖြင့်လည်းကောင်း အများပြည်သူ ဝန်ဆောင်မှု မီဒီယာပုံစံဖြင့် နေ့စဉ် ရုံးပိတ်ရက်မရှိ ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိသည်။

 

သတင်းစဉ်