Skip to main content

မြန်မာနိုင်ငံတွင် ယမန်နေ့ကအထိ ကိုဗစ်- ၁၉ ရောဂါ အတည်ပြု လူနာ ၄၉၂၅၀၉ ဦး ရှိခဲ့ပြီး ပိုးတွေ့သေဆုံးလူနာဦးရေ ၁၈၄၉၁ ဦး ရှိခဲ့သည်။ ၎င်းအရေအတွက်များမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်- ၁၉ရောဂါ စတင်တွေ့ရှိခဲ့ရသည့်နေ့မှ ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်၊ ည ၈:၀၀ နာရီ)အထိဖြစ်သည်။ ကိုဗစ်- ၁၉ ကပ်ရောဂါနှင့် စပ်လျဉ်း၍ မိမိတို့အနေဖြင့် နေ့စဉ်နှင့်အမျှ သတင်းအချက်အလက် များရရှိနေသည့်အတွက် သိရှိသတိပြုမိကြသော်လည်း နှစ်စဉ် သေဆုံးမှုနှုန်းအားဖြင့် ကိုဗစ်- ၁၉ ကပ်ရောဂါထက် များစွာပိုမိုပြီး ကိုဗစ်- ၁၉ ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသည့် ကျန်းမာရေး ပြဿနာတစ်ခုကိုမူ အမှတ်တမဲ့နှင့် သတိမပြုမိဘဲ ရှိနေကြသည်။

၎င်းကျန်းမာရေးပြဿနာဆိုသည်မှာ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပါ ကူးစက် ရောဂါထက် ပို၍ လူအများ၏အသက်ကို ဆုံးရှုံးစေနိုင်သော မကူးစက် နိုင်သော Gopal (Non-Communicable Diseases) opaca Su masoni သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ရောဂါများသည် မကူးစက်နိုင်သောရောဂါ များဖြစ်ပြီး ကမ္ဘာ့နိုင်ငံများတွင်ရော မြန်မာနိုင်ငံ၌ပါ ကူးစက်ရောဂါ ထက် လူများ၏အသက်ကို သေစေနေသည်ဟုသိရသည်။ မကူးစက် နိုင်သောရောဂါများသည် လူတို့၏ အပြုအမူ နေထိုင်စားသောက်မှု ပုံစံများကျန်းမာရေးနှင့်မညီညွတ်ခြင်းကို အရင်းခံ၍ ဖြစ်ပေါ်လာသည်။ တစ်နည်းအားဖြင့် ကျန်းမာရေးနှင့်ညီညွတ်အောင် ပြုမူနေထိုင် စားသောက် ခြင်းမရှိဘဲ ကာလကြာရှည် နေထိုင်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ အဓိကအားဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ သန့်ရှင်းပြီး စိတ်ချရ

သော ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးနိုင်မှုမရှိခြင်း၊ ကိုယ်လက် လှုပ်ရှားမှုနည်းပါးခြင်းတို့ကြောင့် ကင်ဆာ၊ သွေးတိုး၊ ဆီးချို၊ နှလုံးအပါအဝင် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားကြရခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ဆေးရုံတက်လူနာ သေဆုံးမှု၏ ၄၅ ရာခိုင်နှုန်းမှာ မကူးစက်နိုင် သော ရောဂါကြောင့် သေဆုံးခဲ့ပြီး နှစ်စဉ် သေဆုံးမှုနှုန်း မြင့်မားလာခဲ့ရာ ၆၅ ရာခိုင်နှုန်းကျော် ၇၅ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့ကြောင်း ကျန်းမာရေးပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့သည်။ နိုင်ငံတော်၏ အသုံးစရိတ်များသည် လည်း အထက်တွင် ဖော်ပြခဲ့သည့် ကင်ဆာ၊ သွေးတိုး၊ ဆီးချို၊ နှလုံး စသည့် ရောဂါဝေဒနာရှင်များအတွက် ရောဂါရှာဖွေရခြင်း၊ ကုသရ ခြင်းနှင့် ဆေးနှင့် စက်ကိရိယာပစ္စည်းများအတွက် ကျပ်ငွေသန်း

ထောင်ပေါင်းများစွာ ကုန်ကျခံသုံးစွဲခဲ့ရပြီး လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည့် အရွယ်ကောင်း များ၏ လုပ်အားဆုံးပါး မှုကြောင့် ကျပ်ငွေ ထရီလီယံနှင့်ချီ၍ နိုင်ငံအတွက်သွယ်ဝိုက် ဆုံးရှုံးခဲ့ရ ကြောင်း စစ်တမ်းများအရ သိရသည်။ မြန်မာနိုင်ငံ တွင် အရွယ်ရောက်လူဦးရေ ထက်ဝက် ကျော်က ဆေးလိပ်နှင့်ဆေးရွက်ကြီးကို သုံးစွဲနေကြရာ အဓိက ကျန်းမာရေး ပြဿနာဟုဆိုနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးတို့ကို ထိခိုက်စေသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် လူတိုင်းက အလေးအနက်ဆင်ခြင် ကြရန်လိုအပ်သည်။ ။

မြန်မာတို့က ကွမ်းစားဆေး(လိပ်)သောက်သည့် အပြုအမူကို အလွယ်တကူ ပေါ့ပေါ့ပါးပါးအဖြစ် သဘောထားကြသည်။ မိမိ အတွက်၊ နိုင်ငံအတွက် အကျိုးယုတ်လျော့ထိခိုက်စေသည်ဟု မယုံ ကြည်ကြသလို သုံးစွဲမိပါကလည်း ရှောင်ကြဉ်လို ခြင်းမရှိကြ။ မြို့ရွာ ရပ်ကွက် ကျေးလက်မကျန် နေရာတိုင်းတွင် ဆေးလိပ်ကွမ်းယာ ဆိုင်ကြီး ဆိုင်ငယ်များစွာ မရေမတွက် နိုင်အောင် ရောင်းသူများ သလောက်စားသုံးအားလည်း ကောင်းကြသည်။ ရလဒ်အားဖြင့် နှစ်စဉ်လူ ၆၄၀၀၀ ခန့် ရောဂါ ဖြစ်သေဆုံးနေကြရပြီး နိုင်ငံ့ဘဏ္ဍာလည်း ဘီလီယံများစွာ ထိခိုက်ဆုံးရှုံးလျက်ရှိရာ ကိုယ့် ကျန်းမာရေး ကိုယ်တိုင် စောင့်ရှောက်ကြပြီး ကိုယ့်အသက်ကို မွေးမြူကြခြင်းဖြင့် ကိုယ်တိုင်လည်း သက်ရှည်ကျန်းမာ၊ နိုင်ငံ့ဝန်ထုပ်ဝန်ပိုး ကို လည်း လျော့ပါးနိုင်ကြ ပါစေကြောင်း။ ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်