Skip to main content

နေပြည်တော်၊ အောက်တိုဘာ - ၂၂

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဘေဂျင်းမြို့ Sinopharm ကုမ္ပဏီမှဝယ်ယူသော Sinopharm (BIBP) ကိုဗစ်-၁၉ ကာကွယ် ဆေး(၄)သန်း (5 doses per Vial ထုတ်ပိုးမှုပုံစံ) ဆေးအလုံး ရေ(၈)သိန်းတင်ဆောင်လာသော Air China လေကြောင်း လိုင်း A 332 အမျိုးအစား လေကြောင်းပျံ သန်းအမှတ် CA 589 လေယာဉ်သည်တရုတ်နိုင်ငံ ပေကျင်းမြို့ မှ ယနေ့ ညနေ ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပဥ္စမအသုတ်အဖြစ် ရောက်ရှိလာကြောင်း သိရသည်။

 

အဆိုပါတရုတ်လေကြောင်းလိုင်း Air China လေယာဉ်ဖြင့် ရောကျရှိလာသော Sinopharm ကိုဗစ်- ၁၉ ကာကွယ်ဆေး များအား ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှုးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လက်ခံရယူကြသည်။

 

ထိုသို့ရောက်ရှိလာသောဆေးများသည် မြန်မာနိုင်ငံမှ မှာယူထားသော ကိုဗစ်-၁၉ ကာကွယ်ဆေး (၂၄)သန်းအနက် ပဥ္စမ အသုတ်အဖြစ် ကာကွယ်ဆေး(၄)သန်း (5 doses per Vial ထုတ်ပိုးမှုပုံစံ) ဆေးအလုံးရေ(၈) သိန်း ဆေးပုံးအရေအတွက် (၄၁)ပုံး အလေးချိန်kg -16236 ရောက်ရှိလာခြင်း ဖြစ်ပြီး ထိုသို့ရောက်ရှိလာသော ကာကွယ်ဆေးများတွင် ပထမ အသုတ်(၄)သန်းသည် စက်တင် ဘာ ၁၂ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအသုတ်(၄) သန်းသည် စက်တင်ဘာ ၂၆ ရက်နေ့တွင်လည်းကောင်း၊ တတိယအသုတ် (၄)သန်းသည် အောက်တိုဘာ ၂ ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထ အသုတ်ကို ၁၅ နေ့တွင်လည်းကောင်း ရောက်ရှိခဲ့ပြီးဖြစ်ရာ ယခုပဥ္စမ အသုတ်အပါအဝင် ကာကွယ်ဆေးစုစုပေါင်း (၂၀)သန်း ရောက်ရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်