Skip to main content

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အားလက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၂၅


ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်း ထွန်းဦးသည် International Committee of the Red Cross (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Stephan Saka- lian အား ယနေ့နံနက် ၁၀ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များ၊ အထူးသဖြင့် မြန်မာနိုင်ငံက အပြည် ပြည်ဆိုင်ရာ သဘောတူစာချုပ် များ ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ ဥပဒေအရာရှိများ အတွက် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် စပ်လျဉ်းသည့် အရည်အသွေးမြှင့်တင် ခြင်းဆိုင်ရာကိစ္စ၊ ICRC နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။


သတင်းစဉ်