Skip to main content

MRTV Channel အား HD စနစ်ဖြင့် ပုံမှန်ထုတ်လွှင့်သွားမည်

၁။ မြန်မာ့ရုပ်မြင်သံကြားကြည့်ပရိသတ်များ အရုပ်/အသံ အရည်အသွေး ပိုမိုကြည်လင်စွာ ကြည့်ရှုနိုင်ရန်အတွက် MRTV Channel အား ပုံမှန် ထုတ်လွှင့်နေသော Standard Definition (SD) စနစ်အပြင် High Definition (HD) စနစ်ဖြင့်ပါ (၁၅-၁-၂၀၂၀) ရက်နေ့ မှ စတင်စမ်းသပ်ထုတ်လွှင့်ပေးခဲ့ပြီး (၁၅-၂-၂၀၂၀)ရက်နေ့မှ စတင်၍ HD စနစ်တစ်မျိုးတည်းဖြင့်သာ ပုံမှန် ထုတ်လွှင့်ပေး သွားမည် ဖြစ်ပါသည်။

၂။ ထိုသို့ HD စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲထုတ်လွှင့်မှုများသည် အရုပ်/အသံ အရည်အသွေးကောင်းမွန်ရေးကို ရှေးရှုဆောင်ရွက်ခြင်းဖြစ်ပြီး Digital စနစ်ဖြင့် ဖမ်းယူကြည့်ရှုနေကြသည့် ရုပ်မြင်သံကြားဖမ်းစက်များ အနေဖြင့် HD အရည် အသွေးအတိုင်း ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

၃။ Analogue စနစ်ဖြင့် ဖမ်းယူကြည့်ရှုနေသော TV များတွင်မူ မည်သည့် ချိန်ညှိမှုကိုမှ ပြုလုပ်ရန် မလိုအပ်ဘဲ ယခင်အတိုင်း ဆက်လက်ဖမ်းယူကြည့်ရှု နိုင်မည် ဖြစ်ပါသည်။

၄။ မြန်မာ့ရုပ်မြင်သံကြားပရိသတ်များအနေဖြင့် MRTV Channel အား HD စနစ်ကို ကြည့်ရှုနိုင်ရန် DVB-T2 Set-top Box (သို့မဟုတ်) DVB-T2 Tuner ပါရှိသော LCD/LED TV များအား Auto Tuning ပြန်လည် ပြုလုပ်ခြင်း ဖြင့် ရုပ်/သံ အရည်အသွေး ကောင်းမွန်စွာ ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

(က) DVB-T2 Set-top Box ဖြင့် ဖမ်းယူပါကMenu မှ Channel Search ကိုရွေးပြီး Auto Search သို့ သွား၍ OK နှိပ်ပါ။ Menu Channel Search Auto Search OK

(ခ) DVB-T2 Tuner ပါရှိသော LCD / LED Flat TV များဖြင့် ဖမ်းယူ ကြည့်ရှုပါက Menu မှ Channel ကိုသွားပြီး Tuner Type တွင် Antenna ကို ရွေး၍ OK နှိပ်ပါ။ ပြီးလျှင် Auto Scan ကိုနှိပ်ပါ။ Country တွင် (Myanmar) နှင့် Mode တွင် ( DTV+ ATV ) တို့ကို ရွေးချယ်၍ Start သို့ သွားပြီး OK နှိပ်ပါ။Menu Channel Tuner Type AntennaAuto Scan Country (Myanmar) Mode(DTV+ATV)Start OK

(ဂ) Analogue TV (Tube) ကို Set-top Box နှင့် ချိတ်ဆက်ကြည့်ရှုပါက ရုပ်ပုံအရွယ်အစား ချိန်ညှိရန်အတွက် Set-top Box ၏ Menu မှPicture ကိုနှိပ်ပြီး Aspect Ratio မှ 16:9 Wide Screen ကို ရွေး၍ OK နှိပ်ပါ။Menu Picture Aspect Ratio 16:9 Wide Screen OK
၅။ ဖမ်းယူချိန်ညှိပြီးပါက Channel Box တွင် အောက်ပါအစီအစဉ်အတိုင်း Channel များကို ဖမ်းယူရရှိမည် ဖြစ်ပါသည် -
(1) MRTV HD  (2) MRTV Hluttaw  (3) MRTV NRC  (4) MRTV Farmer  (5) MRTV Sport  (6) MITV  (7) EDU (8) MRTV Entertainment  (9) MRTV-4  (10) Channel-7  (11) 5 Plus (12) MNTV (13) Channel-9 (14) Mizzima (15) DVB (16) Channel K (17) YTV  (18) Fortune TV (19) Myanma Radio (20) Upper Tineyinthar  (21) Lower Tineyinthar

၆။ ဒစ်ဂျစ်တယ်ရုပ်သံလိုင်းများအား ဖမ်းယူကြည့်ရှုနေသူများအနေဖြင့် လည်း (၁၅-၂-၂၀၂၀) ရက်နေ့မှစတင်၍ အထက်ပါ အစီအစဉ်များအတိုင်း ရရှိရန် Auto Tuning ပြန်လည်ပြုလုပ်ရန် လိုအပ်မည် ဖြစ်ပါသည်။

၇။ မြန်မာ့ရုပ်မြင်သံကြားကြည့် ပရိသတ်များအနေဖြင့် ထိုသို့ ဖမ်းယူကြည့်ရှုရာတွင် အဆင်မပြေမှု တစ်စုံတစ်ရာရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်-

(က) 9 Meter Earthstation ဖုန်း၊ ၀၉-၄၀၈၀၈၂၀၉၀(တပ်ကုန်း ၊ ရုံးချုပ်)

(ခ) 9 Meter Earthstation ဖုန်း၊ ၀၉-၄၀၈၀၈၂၀၈၀(ရန်ကုန် ၊ ပြည်လမ်း)

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား