နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ဖေဖော်ဝါရီ ၂၉ ရက် (စနေနေ့) တွင် ထုတ်ဝေမည့် ရွှေသွေး ဂျာနယ်တွင် သူတစ်ပါး အပေါ် စိတ်ကောင်း စေတနာ ထားကာ ကူညီလုပ်ဆောင် ပေး ပါက မိမိတွင် အခက် အခဲ ရှိလာသောအခါ အကူအညီ ရနိုင်ပုံ အကြောင်းကို ရေးဖွဲ့ ထားသည့် ကာတွန်း မောင်မောင်လေး ၏ “အပြန် အလှန်” မျက်နှာဖုံး ကာတွန်း၊ ရွှေသွေး ပရိသတ်များ ဗဟုသုတ တိုးပွားစေ ရန် အလို့ငှာ ကမ္ဘာအံ့ဖွယ် အဆောက် အအုံအချို့ကို တင်ဆက်ထားသည့် “ကမ္ဘာအံ့ဖွယ်အဆောက်အအုံများ” သုတ ဆောင်းပါး၊ အမြှောက်ကြိုက်သော သူဌေးကြီးနှင့် အကြွေးကို အချိန်မီပြန် မဆပ်နိုင်သေးသော လယ်သမားတို့၏ အဖြစ်ကို ဟာသမြောက်အောင် ရေးဖွဲ့ ထားသည့် “အမြှောက်ကြိုက်သူ” နှစ်မျက်နှာကာတွန်း၊ ပင်ကီ၏ ဒုက္ခရောက်နေသော ငှက်ကလေးကို ကူညီ လိုက်ရခြင်းကြောင့် ဝမ်းသာ ကြည်နူးစိတ် ဖြစ်ရပုံအကြောင်းကို ရေးဖွဲ့ထား သည့် “စိတ်ထားကောင်းတဲ့ ပင်ကီလေး” ပုံပြင် အပါအဝင် ရွှေသွေးအင်္ဂလိပ် သဒ္ဒါ၊ ဉာဏ်စမ်းကဏ္ဍ၊ ကဗျာစုံလင်စွာဖြင့် ဖတ်စရာ မှတ်စရာများ ပါရှိကြောင်း သိရသည်။
(သတင်းစဉ်)