Skip to main content

ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများအတွက် လိုအပ်သောဓာတ်ခွဲပစ္စည်းများ လွှဲပြောင်းပေးအပ်

ရန်ကုန် ဖေဖော်ဝါရီ ၂၆

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် ဂျပန်ယန်း လေးသိန်းတန်ဖိုးရှိ လိုအပ် သော ဓာတ်ခွဲပစ္စည်းများအား ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) မှအမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း (NHL) သို့ ဖေဖော်ဝါရီ ၂၁ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ် ငန်းသတ်မှတ်ချက်၊ ညွှန်ကြားချက် များအတိုင်း လူနာများထံမှ ဓာတ်ခွဲ နမူနာများတွင် COVID-19 ဗိုင်းရပ်စ် ရောဂါပိုး ရှိ/မရှိ အား ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းနှင့် တစ်ပြိုင်နက် ဓာတ်ခွဲစစ်ဆေးလျက် ရှိရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ ဓာတ်ခွဲအဖြေ များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းမှ အဖြေများ သည် ကိုက်ညီမှုရှိကြောင်း တွေ့ရ သည်။

မြန်မာနိုင်ငံသည် အခြား အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကူးစက်ရောဂါများ ကူးစက်မှုနှုန်းမှာ မြင့်မားလျက်ရှိသည့်အတွက် ရောဂါ များကို တုံ့ပြန်ရန်နှင့် ရောဂါရှာဖွေမှု စွမ်းရည်မြှင့်တင်ရန် လိုအပ်လျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ တွေ့ရှိပါက တိကျစွာဖော်ထုတ်နိုင်ရန် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းကို ဓာတ်ခွဲ နမူနာစစ်ဆေးရေး ရည်ညွှန်းဗဟိုဌာန အဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိသည်။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)သည် ဂျပန်အစိုးရ၏ ဖွံ့ဖြိုးမှု အကူအညီ (ODA) ဖြင့် ၂၀၀၅ ခုနှစ်မှ စ၍ ကူးစက်ရောဂါနှိမ်နင်းရေးကဏ္ဍ အတွက် စွမ်းရည်မြှင့်တင်ရေး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင် ခဲ့သည်။ JICA အနေဖြင့် COVID-19 အတွက် အရေးပေါ် တုံ့ပြန်မှုများ ဆောင်ရွက်ရန် မြန်မာအစိုးရအား ဆက်လက်ပံ့ပိုးပေးမည် ဖြစ်ကြောင်း JICA ၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။

ထင်ပေါ်ဝင်း (ကမာရွတ်)