Skip to main content

နေပြည်တော်  ဒီဇင်ဘာ ၂

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက် များဖြင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲ သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိက ပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် တယ်လီဖုန်း တာဝါတိုင်များအား မီးရှို့ ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်အထိ တယ်လီဖုန်းတာဝါတိုင် ၄၀၉ ခုတို့ ပျက်စီး ဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-

အကြမ်းဖက်အဖွဲ့များအနေဖြင့် တယ်လီဖုန်းတာဝါတိုင်များအား ယခုကဲ့သို့ မိုင်းထောင် ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ် သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များ ထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်း ထုတ်ပြန်အပ်ပါသည်။

 

သတင်းစဉ်