Skip to main content

မြို့နယ်အချို့ရှိ မြို့နယ်တရားရုံးနှင့် စာသင်ကျောင်းအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ က အကြောင်းမဲ့မီးရှို့ဖျက်ဆီး

နေပြည်တော် ဒီဇင်ဘာ ၅

မြို့နယ်အချို့ရှိ မြို့နယ်တရားရုံးနှင့် စာသင်ကျောင်းအား အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီး

ထိုသို့ အကြမ်းဖက်မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာတွင် ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မြို့မ(၁)ရပ်ကွက်ရှိ မြို့နယ်တရားရုံးအား CDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အင်အား(စိစစ်ဆဲ)က မီးရှို့ ဖျက်ဆီးခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ၇၀x၃၀x၁၅ ပေသွပ်မိုး/အုတ်ကာ တစ်ထပ်အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီး ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်အရောက် CDF အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အင်အား ၂၀ ခန့်က လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တွင် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ထန်းတောဦးကျေးရွာ အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်းရှိ သွပ်မိုးထရံ ကာ ဝါးကြမ်းခင်း စာသင်ဆောင်အား PDF အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့များက မီးရှို့ ဖျက်ဆီးခဲ့ရာ ညနေ ၅ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါကျောင်းဆောင်နှင့် ကျောင်းဆောင်အတွင်းရှိ ပရိဘောဂများ၊ စာရွက်စာတမ်းများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ မြို့နယ်တရားရုံးနှင့် စာသင်ကျောင်းတို့အား အကြောင်းမဲ့မီးရှို့၊ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်