Skip to main content

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) မူကြမ်း စိစစ်ရေးအစည်းအဝေး ကျင်းပ

နေပြည်တော်ဒီဇင်ဘာ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) National Education Strategic Plan – NESP(2021-2030) မူကြမ်းကို သက်ဆိုင်ရာကဏ္ဍများအလိုက် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ပြုစုလျက်ရှိရာ အဆိုပါစီမံကိန်းမူကြမ်း စိစစ်ရေးအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အဆိုပါမူကြမ်းကို အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀ဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ (၂၆)ကြိမ်မှ အကြံပြုချက်များနှင့် အညီ ရေးဆွဲခဲ့ပြီး၊ ၂၀၂၁ခုနှစ် ဇူလိုင်လ ()ရက်နေ့တွင် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သော ပညာရေးဝန်ကြီးဌာန၊ ဥပဒေကြမ်းများစိစစ်ရေး ကော်မတီက စိစစ်တည်းဖြတ်ထားသော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မူကြမ်းကို ထပ်မံစိစစ်ပေးရန်နှင့် ယင်းသို့စိစစ်ရာတွင် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို   သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ် ဆွေးနွေးဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀မူကြမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များ က အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မူကြမ်းရေးဆွဲစိစစ် အတည်ပြုရေးနှင့် ပတ်သက်၍ ဆွေးနွေးအကြံပေးညှိနှိုင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က ပြန်လည်ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)