ရန်ကုန် ဖေဖော်ဝါရီ ၂၇
တက္ကသိုလ်ရာပြည့်ကျင်းပရေးကော်မတီက ဦးဆောင်၍ ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီးနှင့် ရန်ကုန်တက္ကသိုလ်ဆရာများသမဂ္ဂတို့ ပူးပေါင်း ကျင်းပမည့် ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ရာပြည့်ဓမ္မသဘင်ကို ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်ရှေ့ မြက်ခင်းပြင်၌ မတ် ၇ ရက်၊ ၈ ရက်၊ ၉ ရက် ညစဉ် ၇ နာရီမှစတင်၍ ကျင်းပသွားမည်ဖြစ်သည်။
မတ် ၇ ရက်တွင် ဟင်္သာတမြို့ နိုဘယ်ပရဟိတဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏာလင်္ကာရ၊ မတ် ၈ ရက်တွင် ပဲခူးဆယ်မိုင်ကုန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညိဿရာဘိဝံသ၊ မတ် ၉ ရက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသတို့က တရားတော်များ ဟောကြားတော်မူမည်ဖြစ်သည်။
အလှူရှင်များဆက်သွယ်လှူဒါန်းလိုပါက ဘဏ္ဍာရေးမှူး ဒေါက်တာမူမူမြင့် (ပါမောက္ခ၊ဌာနမှူး)အရှေ့တိုင်းပညာဌာန၊ ရန်ကုန်တက္ကသိုလ် ဖုန်း-၀၉-၇၉၉၅၇ ၃၀၅၁၊ ဒေါက်တာကေသီတင်(ပါမောက္ခ )သင်္ချာဌာန ရန်ကုန် တက္ကသိုလ် ဖုန်း- ၀၉-၅၁၅၃၁၆၂ ၊ ဒေါက်တာဇင်မာဝေ(တွဲဖက်ပါမောက္ခ)အရှေ့တိုင်းပညာဌာန ရန်ကုန်တက္ကသိုလ် ဖုန်း-၀၉-၃၆၂၅၂၂၇၇ ၊ ဒေါက်တာ ငြိမ်းသီတာ (တွဲဖက်ပါမောက္ခ) ရူပဗေဒဌာန ရန်ကုန်တက္ကသိုလ် ဖုန်း-၀၉-၅၀၈၆၈၄၃ နှင့် ဒေါ်တင်တင်ခိုင် (ခွဲမှူး၊ ဘဏ္ဍာဌာန) ရန်ကုန်တက္ကသိုလ် ဖုန်း-၀၉-၄၀၂၆၇၄၉၄၅ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်