Skip to main content

ဆင်းကတ်များ မှတ်ပုံတင်ထားရှိမှုကို ပြန်လည်စစ်ဆေးနိုင်မည့် နည်းလမ်းများသိရှိနိုင်ရန် ဆောင်ရွက်ထားရှိ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၇

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ဆင်းကတ်များ စနစ်တကျမှတ်ပုံတင်ရေး ဆောင်ရွက်လျက်ရှိရာ သုံးစွဲသူများအနေဖြင့် မိမိတို့အသုံးပြုလျက်ရှိသည့် ဆင်းကတ်များမှတ်ပုံတင်ထား ရှိမှုကို ပြန်လည်စစ်ဆေးနိုင်မည့် နည်းလမ်းများကို အများ ပြည်သူ သိရှိနိုင်ရန် ဆောင်ရွက်ထားကြောင်း ဆက်သွယ် ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ပြန်လည်စစ်ဆေး

အဆိုပါ ဆင်းကတ်စစ်ဆေးနိုင်မည့်နည်းလမ်းများကို သိရှိနိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်ဖြစ်သည့် www.motc.gov.mm နှင့် ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန၏ Facebook စာမျက်နှာတို့တွင် အော်ပရေတာများ၏ Application များ၊ Channel များ၊ USSD Code, SMS Code, Call Centre ဖုန်းနံပါတ်များကိုဖော်ပြပေးထားကြောင်း၊ ထို့ပြင် ဆင်းကတ်သုံးစွဲသူ ပြည်သူ များအနေဖြင့် ဆင်းကတ်များ မှတ်ပုံတင်ထားရှိမှုကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များတွင် လည်း ပြန်လည်စစ်ဆေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်