နေပြည်တော် ဖေဖော်ဝါရီ ၂၉
မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အဖွင့် အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်က မသန်စွမ်းမှုအလိုက် မသန်စွမ်း အားကစားအဖွဲ့ချုပ်များ ဖွဲ့စည်းခြင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းအားကစား အဖွဲ့အစည်း၏ ချမှတ်စံဖွဲ့စည်းပုံများ၊ မြန်မာနိုင်ငံ ပါရာလံပစ်ကော်မတီ (Myanmar Paralympic Committee) ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မသန်စွမ်းအားကစား ကော်မတီများ ဖွဲ့စည်းခြင်း၊ မသန်စွမ်းအားကစားရေးရာဌာနခွဲ ဖွဲ့စည်းခြင်း၊ မသန်စွမ်းအားကစား ရေရှည်စီမံချက် ရေးဆွဲခြင်း၊ အားကစားနည်းအလိုက် ရေရှည်စီမံချက်နှင့် အရည်အသွေးရှိ အားကစားသမားများ ရှာဖွေရေး၊ ၂၀၂၀-၂၀၂၄ နှစ်တိုစီမံချက်နှင့် လတ်တလောဆောင်ရွက်ရန်ကိစ္စများ၊ မသန်စွမ်း အားကစား လေ့ကျင့်ရေးစင်တာများ ဖွင့်လှစ်ခြင်းနှင့် မသန်စွမ်းအားကစား အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ခြင်း၊ မသန်စွမ်း အားကစား အထောက်အကူပြု ကိရိယာနှင့် အားကစားပစ္စည်းများ ဖြည့်တင်းခြင်း၊ နှစ်စဉ်ကျင်းပပြုလုပ်မည့် ပြည်တွင်းမသန်စွမ်း အားကစားပြိုင်ပွဲများ၊ မသန်စွမ်း အားကစားနည်းနှင့် ပညာရေးပေါင်းစပ်မှု၊ မသန်စွမ်းသူများ အားကစားလေ့ကျင့်ရေးနှင့်အတူ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရေး၊ နိုင်ငံ့အဆင့် ရွှေတံဆိပ်ရ (အနိမ့်ဆုံး အာဆီယံ) အားကစားသမားများ၏ အလုပ်အကိုင် ခန့်ထားရေးနှင့် ထောက်ပံ့ရေး၊ အားကစားနည်းအလိုက် အားကစားကလပ်များ ဖွဲ့စည်းခြင်း၊ ရန်ပုံငွေ တိုးတက်ရရှိရေးများကို ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက လုပ်ငန်းပိုင်းဆိုင်ရာများကို အကြံပြု ဆွေးနွေး တင်ပြကြသည်။
သတင်းစဉ်