Skip to main content

ရွှေဘိုမြို့ မေတ္တာရိပ်အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် သက်မွေးပညာသင်တန်းကျောင်းအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်

ရွှေဘို   မတ်    ၂

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနှင့်အတူ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် (၉)နာရီက ကျင်းပ ပြုလုပ်သော ရွှေဘိုမြို့ မေတ္တာရိပ်အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် သက်မွေးပညာ သင်တန်းကျောင်းအတွက် အလှူငွေ ကျပ် (၁,၂၁၀) သိန်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်သည်။

ရှေးဦးစွာ စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် မဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေါက်တာသောဘိတ IBEC-ဆရာတော် က လှူဒါန်းပေးအပ်ရခြင်း အကြောင်းကို မိန့်မှာကြားခဲ့ပြီး သင်တန်းကျောင်းအုပ်နှင့် တာဝန်ရှိသူများထံသို့ အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး အလှူငွေပေးအပ်ပွဲကိုကျင်းပရာ အလှူရှင် ဦးခင်မောင်အေး (ဥက္ကဋ္ဌ၊ CB Bank) + ဒေါ်ဝင့်ရည်အေး(ဥက္ကဋ္ဌ၊ KMA Foundation) တို့မှ ရွှေဘိုမြို့ မေတ္တာရိပ်အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် သက်မွေးပညာသင်တန်းကျောင်းအတွက် အလှူငွေကျပ် (၁,၀၀၀)သိန်းကို လည်းကောင်း၊ တောင်သမန်သစ္စာကုမ္ပဏီ ဦးကျော်မြင့် မိသားစုနှင့် စိမ်းရတနာ သိုက် ကုမ္ပဏီ ဦးကျော်ထွန်း မိသားစုတို့က အလှူငွေကျပ်(၁၀၀)သိန်းစီကိုလည်းကောင်း အသီးသီးပေးအပ်ရာ သင်တန်းကျောင်း နာယကကြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ သင်တန်းကျောင်းဥက္ကဋ္ဌ ဦးမောင်ကိုနှင့် သင်တန်းကျောင်းအုပ်ကြီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကာ သစ်ခေါက်ပန်းချီကားများကိုလည်း အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသော အလှူရှင်များက အဆိုပါရွှေဘိုမြို့ မေတ္တာရိပ်အမျိုးသမီး စောင့်ရှောက် ရေး ဂေဟာနှင့် သက်မွေးပညာသင်တန်းကျောင်းအတွင်းရှိ ကွန်ပျူတာခန်းမ၊ ပန်းချီပြခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)