နေပြည်တော်၊ မတ် ၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာရှိ တိုက်နယ် ဆေးရုံအနီး ကားလမ်းတွင် သန်းထွန်း မောင်းနှင် လာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိသည်။
အလားတူယင်းနေ့နံနက် ၁၁ နာရီခန့်က တပ်မတော်မှ မဘိမ်းမြို့နယ်၊ မအူကုန်းကျေးရွာ အုပ်စု၊ အလယ်ရွာကျေးရွာ အနီးတောလမ်းဘေးတွင်တွေ့ရှိသူ အိုက်မောင် အားရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉,၅၀၀ ၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)