Skip to main content

၁၄-၁-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်း လင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော ်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြား သည်။

ဦးစွာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနများမှ သတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့်ရှိသူများ၊ သတင်းမီဒီယာများ အားလုံးနှင့် ကြည့်ရှုနေကြသော တိုင်းရင်း သားပြည်သူအားလုံး   နှစ်သစ်အခါသမယမှာ ကျန်းမာရွှင်လန်းကြပါ စေဟု ဦးစွာမေတ္တာပို့သအပ်ပါကြောင်း၊ ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမည့် အကြောင်း အရာများမှာ (၁) ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEM ၏ မြန်မာနိုင်ငံသို့ လာရောက် ခဲ့သောခရီးစဉ် (၂)  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ (၃) မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေး ဆိုင်ရာများ (၄) ကိုဗစ်-၁၉ ရောဂါ     SARS-CoV-2     Variant Omicron ကိစ္စသတိပေးချက်များ  (၅) ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ (၆) NUG ၊ PDF အမည်ခံ အကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ဆောင်ချက်များ ဖြစ်ကြောင်း၊ (၁)မှ (၆)အထိ မိမိအနေဖြင့် ရှင်းလင်းပြောပြ သွားမည်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆက်လက်ရှင်းလင်း ပြောကြားသွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေးခွန်းများ မေးမြန်းခြင်းနှင့်ဖြေကြားခြင်း ကဏ္ဍဖြစ် ကြောင်း၊ မေးခွန်းများမေးရာတွင်  စနစ်တကျဖြစ်စေရေးအတွက် ယနေ့သတင်းစာ ရှင်းလင်း ပွဲမှစပြီး အခမ်းအနားမှူးက မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ ဖိတ်ခေါ်ခံရသည့် မီဒီယာ များအနေဖြင့် မေးခွန်းတစ်ခုစီ မေးမြန်းပေးရန် ကြိုတင်မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။

ပထမဦးဆုံးအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ   Samdech   Akka Moha Sena Padei Techo HUN SEM ၏ မြန်မာနိုင်ငံ ကို အလုပ်သဘောခရီးစဉ် လာရောက်လည်ပတ်မှုကို ပြောချင်ကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘောဒီးယား နိုင်ငံအကြား တရားဝင်သံတမန်ဆက်ဆံရေးကို ၁၉၅၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် စတင်ထူထောင်ခဲ့ပြီး သံတမန်ဆက်ဆံမှု သက်တမ်း (၆၆)နှစ်ကြာမြင့်ပြီဖြစ်ကြောင်း ပြောကြားသည်။

မိမိတို့နိုင်ငံ ကိုဗစ်-၁၉  တတိယလှိုင်းကာလဖြစ်ချိန် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ်၏စီစဉ်ပေးမှုနှင့် ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးက မြန်မာ နိုင်ငံကို လာရောက်ပြီး ကမ္ဘောဒီးယားအစိုးရနှင့် ပြည်သူလူထုက လှူဒါန်းသည့် ပစ္စည်းများနှင့် ငွေများ၊ အာဆီယံလူသားချင်း စာနာထောက်ထားမှုနှင့် အကူအညီပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာန (AHA)က လှူဒါန်းသော အလှူငွေများကို လာရောက်ပေးအပ်ခဲ့ဖူးကြောင်း၊ ယခုလာရောက်သည့် ခရီးစဉ်တွင် လည်း ကိုဗစ်-၁၉ ဆိုင်ရာပစ္စည်းကို ပေးအပ်လှူဒါန်းခဲ့သည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၏ ခရီးစဉ်

လက်ရှိအာဆီယံဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၏ ခရီးစဉ်နှင့် ပတ်သက်၍  အမျိုးမျိုး ဝေဖန်ကြမှုများ ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ)၊  ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာအသင်း၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့  စသည်တို့တွင် တူညီစွာ အဖွဲ့ ဝင်ရောက်ထားသည့် နိုင်ငံများဖြစ်ကြောင်း၊ ထိုခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံတကာ ဖိအားများ လျော့ကျသလားဟု မေးမြန်းမှုလည်းရှိကြောင်း၊   နိုင်ငံတကာဖိအား လျော့ကျ လာခြင်းမဟုတ်ဘဲ  ဖိအားပေးသည့်ဘက်က  ဆက်လက် ဖိအားပေးနေမည်ဖြစ်ကြောင်း၊ ယခင်ကတည်းက မြန်မာနိုင်ငံအပေါ် မှန်မှန်ကန်ကန် သဘောထားရှိသည့်နိုင်ငံများ၊ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက် မှန်ကန်သောနိုင်ငံများက မြန်မာနိုင်ငံကို ကမ္ဘာ့အခန်း ကဏ္ဍတွင် ပြန်လည်မြှင့်တင်ပေးနေလျက်ရှိကြောင်း၊ ထို့ကြောင့် ယခင်ကတည်းက ဖိအားပေးနေသည့် သူများကတော့ ဖိအားဆက်ပေးနေမည်ဖြစ်ကြောင်း၊ နိုင်ငံကို မြှင့်တင် ပေးလိုသူကတော့ မြှင့်တင်ပေးမည်ဖြစ်သည်ကို ပြောလိုကြောင်း၊ ဖိအားကြောင့် ပိပြား ကြကြေးဆိုပါက ဖိအားပေးတိုင်း မြန်မာနိုင်ငံသည် ပိရမည်၊  ပြားရမည်ဆိုပါက မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံအဖြစ် လွတ်လပ်ရေးရခဲ့မည် မဟုတ်သည့်အပြင် မြန်မာနိုင်ငံ၏ မြေပုံသည်  လက်ရှိအနေအထားအတိုင်း ဆက်ရှိနေစရာအကြောင်း မရှိကြောင်း၊ Globalization ခေတ်တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် ကူးလူး ဆက်ဆံကြကြောင်း၊  ကိုယ့်နိုင်ငံအတွက် အကျိုးရှိမည်၊ မိမိနိုင်ငံအပေါ် မှန်ကန်စွာ ရှုမြင်နိုင် သည့် နိုင်ငံများကို  ပိုမိုဆက်ဆံသွားမည်သာဖြစ်ကြောင်း၊ ထိုအချက်မှာ လက်တွေ့ကျသော Reality ဖြစ်သည့် ခရီးလမ်းသာဖြစ်ကြောင်း၊  ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ လာရောက်ခဲ့သောခရီးစဉ်တွင် ကောင်းမွန်ထူးခြားသည့် ရလဒ်များ ရရှိခဲ့ကြောင်း၊ ခရီးစဉ်နှင့်ပတ်သက်၍ ပူးတွဲသတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်ကို တွေ့နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

အပစ်အခတ်ရပ်စဲကြောင်း  ကြေညာ

မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း  ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ထပ်မံတိုးမြှင့် သွားရန်လည်း   သဘောတူခဲ့ကြောင်း၊ သက်ဆိုင်သူများ အားလုံးအနေဖြင့် နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုလျက် အပစ်အခတ် ရပ်စဲမှုကိုလက်ခံရန်၊ အကြမ်းဖက် လုပ်ရပ်များအားလုံးကို အဆုံးသတ်ရန် နှင့်  တတ်နိုင်သမျှ ထိန်းသိမ်းရန် တောင်းဆိုခဲ့ကြောင်း၊   တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ၏ ပါဝင်မှုကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုခဲ့ကြောင်း၊ နှစ်ဖက်ခေါင်းဆောင်များသည် ပြည်သူများအတွက် လူသားချင်း စာနာကူညီပံ့ပိုးမှုများပေးအပ်ရာ တွင်  အမှန်တကယ် လိုအပ်သူများထံကို ရောက်ရှိရန်အတွက် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ AHA စင်တာမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းကဲ့သို့ သက်ဆိုင်သူများ အကြား အစည်းအဝေး တစ်ရပ်ကျင်းပရေးအတွက် အားပေးသွားမည်ဖြစ်ကြောင်း၊ အမှန်တကယ် လိုအပ်လျက်ရှိသော ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများကို ခွဲခြားမှုမရှိဘဲ   ပေးအပ်ရန်နှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရန်အတွက် သင့်လျော်သည့် ယန္တရားများနှင့် အစီအစဉ်များကို ထပ်မံဆောင်ရွက် သွားရန် အရေးကြီးကြောင်းနှင့် လူ့အသက်ကယ်ဆယ်ရေးသည် အရေးကြီးဆုံးကိစ္စဖြစ်သည့်အတွက် ပူးပေါင်းဆောင် ရွက်သွားရန် နှစ်ဖက်ခေါင်းဆောင်များက   အသိအမှတ်ပြုခဲ့ကြကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့်လည်း  ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် ကာကွယ်ဆေးများ၊ အကူအညီများကို မြန်မာနိုင်ငံအတွင်း၌ မည်သည့်နေရာ၊ မည်သည့် ဒေသကိုမဆို  ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn (ဖရက်ဆုတ်ခွန်း)ကို အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မည့်အပေါ် ကြိုဆိုကြောင်းနှင့် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံတူညီ ဆန္ဒ(၅)ချက် အကောင်အထည်ဖော်နိုင်ရေးကို အပြည့်အဝပံ့ ပိုးသွားမည်ဆိုသည်ကို ဆွေးနွေးနိုင်ခဲ့ ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရရှိခဲ့သည့် အတွေ့အကြုံများနှင့် သင်ခန်းစာများအပေါ်အခြေခံပြီး   သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး၏ ပူးပေါင်းပါဝင်မှု၊ သဘောတူညီမှု၊ အလုံးစုံငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင် နိုင်ရေးကိုလည်း အလေးထားပြောကြားခဲ့ကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်ကို ပံ့ပိုးပေးရန်နှင့် လက်ရှိပြည်တွင်း အခြေအနေများကို ထည့်သွင်း စဉ်းစားလျက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံနိုင်ရေးကို ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောကြားသည်။

နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ၏    ဆက်ဆံရေး

မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ၏    ဆက်ဆံရေး၌ သက်ရောက်မှု ရှိလာနိုင် သော ပြင်ပအကြောင်းတရားများကိုလည်း ထည့်သွင်းပြောကြားလိုကြောင်း၊ ပြီးခဲ့ သည့်နှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် အမေရိကန်နိုင်ငံက ပြဋ္ဌာန်းလိုက်သော အမျိုးသား ကာကွယ်ရေးဥပဒေ (National Defense Authorization Act-NDAA)သည်  ယင်းနိုင်ငံ၏ ကာကွယ်ရေးဘတ်ဂျက်ကို ယခင်နှစ် ကထက် ၅ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက်မှု ရှိကြောင်း၊ ထိုသို့ ကာကွယ်ရေး ဘတ်ဂျက်တိုးမြှင့်ရာ တွင် ၎င်းတို့အနေဖြင့် အင်ဒို-ပစိဖိတ် ဒေသအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံကို အသုံးပြုမည်ဟု သတ်မှတ်လိုက်ကြောင်း၊ ယခင်က ၎င်းတို့အလေးပေး ခဲ့သော  ယူကရိန်းနိုင်ငံကိစ္စကို သုည ဒသမ ၃ ဘီလီယံသာ သုံးစွဲရန်စီစဉ်ထားကြောင်း၊ ဥရောပတိုက်အတွက်ကိုမူ ၄ ဘီလီယံသာ  သုံးစွဲရန်စီစဉ်ထားကြောင်း၊ ထို့ကြောင့် အမေရိကန်အနေဖြင့် ယခုအချိန်တွင် မည်သည့်ဒေသကို စိတ်ဝင်စားဆုံးလဲ၊  မည်သည့်ဒေသကို အာရုံအကျဆုံးလဲကို သိသာကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသ အတွက် ၇ ဘီလီယံသာသုံးစွဲမှုသည် တရုတ်နိုင်ငံကို ထိန်းချုပ်ရန်သာ အဓိကဟုပြောချင်ကြောင်း၊ ယူကရိန်းနှင့် ဥရောပတစ်ခု လုံးမှ ၄ ဒသမ ၃ ဘီလီယံသာရှိပြီး အင်ဒို-ပစိဖိတ်အတွက် သုံးစွဲမှုကိုမမီကြောင်း၊  အင်ဒို-ပစိဖိတ်ရပ်ဝန်း ဒေသကို အင်အားကြီးနိုင်ငံများ တစ်နေ့တခြား အားပြိုင်လုပ်ဆောင်နေမှုများကို တွေ့ရကြောင်း၊ မိမိတို့ အာဆီယံနိုင်ငံများတွင်လည်း အကျိုးသက် ရောက်မှုရှိကြောင်း၊ ထို့ကြောင့် လွှမ်းမိုးလိုသောနိုင်ငံကြီးများ အပြိုင်အဆိုင် လုပ်နေသည်မှာ  မဆန်းပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျနိုင်ငံတို့သည်  ၃ နိုင်ငံပါဝင်သည့်   လုံခြုံရေးဆိုင်ရာမဟာမိတ်(AUKUS) အဖွဲ့အစည်းကို လည်း ဖွဲ့စည်းထူထောင်ခဲ့ကြောင်း၊ ထိုသို့ဖွဲ့စည်းပြီးနောက် ငွေကြေးကိစ္စများ ပါဝင်လာခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၁၇ ခုနှစ်က ဖွဲ့စည်းခဲ့သော (QUAD)ဆိုသည့်  အဖွဲ့အစည်းလည်းရှိကြောင်း၊ ဒေသတွင်းနိုင်ငံများအပေါ် လွှမ်းမိုးမှုရှိရန်နှင့် တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ထား သည့်သဘောဖြစ်သည်ဟု အများစုက သုံးသပ်ထားကြောင်း၊ အမေရိကန်နိုင်ငံသည် ဒီမိုကရေစီနှင့် လူ့အခွင့်ရေးဆိုသော အရာများကိုအသုံးချပြီး ၎င်းနှင့်သဘောထားတိုက်ဆိုင်မှု မရှိသည့်နိုင်ငံများအပေါ် လွှမ်းမိုးထိန်းချုပ်ရန်နှင့် ပြည်တွင်းရေးကိစ္စများတွင်  Double Standard ဟုခေါ်သည့် လိုတစ်မျိုး၊ မလိုတစ်မျိုး မူဝါဒများကျင့်သုံး၍  နည်းလမ်းပေါင်းစုံနှင့် စွက်ဖက်နိုင်ရန်   ပြင်ဆင်လုပ်ဆောင် နေသည်ကိုလည်း  သုံးသပ်ထားကြောင်း၊ မိမိတို့နိုင်ငံ သည်   တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်ကြောင်း၊ ကောင်းမွန်သော၊ ဆက်ဆံရေးရှိ သော နိုင်ငံလည်းဖြစ်ကြောင်း၊ မဟာမိတ်နိုင်ငံလည်း ဖြစ်ကြောင်း၊ ထို အကျိုးသက်ရောက်မှု များသည် မိမိတို့နိုင်ငံကိုလည်း သက်ရောက်စေမည် ဖြစ်ကြောင်း၊ ထိုကြောင့်  မြန်မာနိုင်ငံကို အာဆီယံ မျက်နှာစာဘက်လှည့်၍ ဖိအားပေးနိုင်ရန်  အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများက ၎င်းတို့နှင့်အကျိုးတူ ဒေသတွင်းနိုင်ငံများကို မကြာခဏ လာရောက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အကြောင်းမဲ့ငွေကုန်ခံ၊ အချိန်ကုန်ခံ၍  မည်သူမှမလာကြောင်း၊ ၎င်း၏နိုင်ငံ အကျိုးစီးပွားအတွက် ၎င်းတို့လုပ်နေကြခြင်းဖြစ်သည်ဟု ပြောလိုကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၇ ခုနှစ်တွင် ဝင်ရောက်ခဲ့ကြောင်း၊ ထိုအချိန်က တပ်မတော် အစိုးရခေတ်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး စစ်အုပ်ချုပ်ရေး (Martial Law)ဖြင့် အုပ်ချုပ်နေသည့်ခေတ် ဖြစ်ကြောင်း၊ ယခု မဲမသမာမှုကြောင့် နိုင်ငံတော်တာဝန်ကို တပ်မတော် အနေဖြင့် ခေတ္တထိန်းသိမ်းထားရကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ် နေခြင်းဖြစ်ပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု ရှေ့လုပ်ငန်းစဉ်(၅)ရပ်၌ ထည့်သွင်း ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ ၁၉၉၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၁၃ နှစ်တာကာလအတွင်း၌ အာဆီယံအဖွဲ့ကြီးနှင့် လက်တွဲ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုကာလတွင် အာဆီယံထဲ၌ မြန်မာ့အရေးရပ်တည်ချက်နှင့် ပတ်သက်ပြီး ကန့်ကွက်နေကြခြင်းသည် ပြင်ပဖိအား (မိမိပြောခဲ့သည့်အကြောင်းအရာများ)၊ နောက်ခံအကြောင်း တရားနှင့် နိုင်ငံရေး ရည်မှန်းချက်များကြောင့်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံကို နိုင်ငံအနေဖြင့် ဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ကိုယ်စားပြုမှုကို လေးစားရန်လိုအပ်ပြီး အချုပ်အခြာ အာဏာပိုင်နိုင်ငံများ၏ တန်းတူ ရည်တူရှိရေး သဘောတရားကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ အပိုဒ်(၂) အပိုဒ်ခွဲ(၁)တွင် ကုလသမဂ္ဂသည် အဖွဲ့ဝင်အားလုံး၏ အချုပ်အခြာအာဏာ တန်းတူရည်တူ ရှိမှုအပေါ်တွင် အခြေခံသည်ဟု ဖော်ပြထားကြောင်း၊ ထို့ကြောင့် အချုပ်အခြာ အာဏာကို အသိအမှတ် မပြုလျှင် နိုင်ငံအချင်းချင်း လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်မှုရှိမည် မဟုတ်သည့်အပြင် အပြည်ပြည်ဆိုင်ရာ ဥပဒေလည်း ရှိနိုင်မည်မဟုတ်ကြောင်း၊    အလားတူ အာဆီယံသည် အစိုးရမဟုတ်ဘဲ၊ အဖွဲ့ဝင်နိုင်ငံအားလုံး တန်းတူရည်တူ အခွင့်အရေးရှိကြောင်း၊ ပြည်တွင်း ရေးကို မစွက်ဖက်ရေး မူဝါဒရှိကြောင်း၊ အားလုံးသဘောတူညီမှသာ ဆုံးဖြတ်ချက် ချမှတ်နိုင် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်   အာဆီယံတွင် အဆိုပြုချက်၊ အကြံပြုချက်ကို အလေးထားမည်ဖြစ်သော်လည်း ပဋိညာဉ်စာတမ်းပါ မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများ က သွေဖည်မည့် လုပ်ဆောင်ချက်များကို မိမိတို့၏ မှန်ကန်သည့်ဘက်ကသာ ရပ်တည် ဆောင်ရွက် ရွေးချယ်သွားမည်ကို ပြောကြားလိုကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပြီ ဖြစ်သည့်အတွက် မှန်ကန်မျှတသော စွမ်းဆောင်ချက်များနှင့်အတူ အာဆီယံအသင်းကြီး၏ အောင်မြင်မှုအရပ်ရပ်ကို စွမ်းဆောင် နိုင်မည်ဟု မိမိတို့နိုင်ငံအနေဖြင့် အထူးယုံကြည်မိပါကြောင်း၊ အာဆီယံနိုင်ငံရေး-လုံခြုံရေး အသိုက်အဝန်း၊ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဟူသော မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အာဆီယံအသိုက်အဝန်း ၂၀၂၅ မျှော်မှန်းချက်အတွက် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ကို ပြောကြားလိုကြောင်း ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

ဆက်လက်၍ ဒုတိယအချက်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပြောကြား လိုပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် ယခုနှစ်ဟာ စိန်ရတုအကြိုကာလဖြစ်ပါတယ်။ ဒါကြောင့် ၇၅ နှစ်တာကြာခဲ့ပြီဖြစ်တဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ    ပိုမိုခိုင်မာစေဖို့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ခြင်း အသီးအပွင့်များနဲ့ ပြည့်စုံဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစရပါမယ်။      ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်း စဉ် ၅ ရပ်ရဲ့ စတုတ္ထ အချက်ထဲမှာလည်း   ဖော်ပြထားပြီးဖြစ်လို့ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ် ဟု ပြောကြားချက်သည် မိမိတို့ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်လာလျှင် ဖြစ်နိုင်သမျှ လမ်းကြောင်းမှန်သမျှနှင့် လမ်းဖွင့်ထားလျက်ရှိကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုမိုတည်တံ့ ခိုင်မြဲစေရန် နှင့် တိုင်းပြည်၏  ဖွံ့ဖြိုးတိုးတက်ရေး အသီးအပွင့်များ ပြည့်စုံစေရန်၊  ခံစားနိုင်စေရန် အခြေခံ လိုအပ်ချက်သည် ငြိမ်းချမ်းရေးသာ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ထိုအချက်များကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရကြောင်း၊ မကုန်သင့်သည့်အင်အားများ၊ မကုန်သင့်သည့် စွမ်းအားများ၊ မကုန်သင့်သည့် အချိန်များ ကုန်ခဲ့ရကြောင်း၊ ထို့ကြောင့် ယင်းအချက်များကို ယခုနှစ်အတွင်း၌ မိမိတို့ပြုပြင်နိုင်ရန်   ကြိုးစားမည်ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခချုပ် ငြိမ်းရေး၊ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို အဆင့်တစ်ခုထိရောက် အောင်   မိမိတို့ ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ထိုငြိမ်းချမ်းရေးက ရရှိလာသော စုစည်းအင်အား ကို ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုကြမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ မိမိတို့အစိုးရအနေဖြင့် လုပ်ဆောင်နေမှုများကို ပြောကြားမည်ဖြစ် ကြောင်း ပြောကြားသည်။

အစိုးရအနေဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့ကြောင်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီတွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌဖြစ်ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် မတ်လ ၃ ရက်နေ့က ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မူဝါဒ(၄)ခု ချမှတ်ခဲ့ကြောင်း၊ ထိုအရာများသည်(၁) နိုင်ငံအကျိုး၊ ပြည်ထောင်စုအကျိုးနှင့် ပြည်သူပြည်သားအားလုံး လိုလားတောင့်တနေ သော  ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိစေရေးအတွက် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးရန်၊ (၂)တရားဝင်ဆွေးနွေးမှုများကိုလည်း လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်သွားရန်၊ (၃)ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရေးအတွက် Bilateral ဆွေးနွေးပွဲများကို သတ်မှတ်ချက်နှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ (၄) NCA အရ တရားဝင် အစည်းအဝေးများနှင့် ငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်သည်အထိ ညှိနှိုင်းဆောင်ရွက် သွားရန်တို့ ဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော် အနေဖြင့် ၂၀၁၈ ခုနှစ်၊   ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့ကြောင်း၊ ထိုအချက်သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအပြီး နှစ်နိုင်ငံ သဘောတူ ထုတ်ပြန်ချက်အရ ယခုနှစ်ကုန်ပိုင်း အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့အပြင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအနေဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်မှ ဒီဇင်ဘာလ ၂၇ ရက်အထိ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၁၆ ကြိမ်၊ NCA ရေးထိုးထားခြင်းမပြုသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၉ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၆ ကြိမ်၊ ဘာသာရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့် ၂ ကြိမ် စုစုပေါင်း ၃၃ ကြိမ်တွေ့ဆုံခဲ့ပြီး NCA လမ်းကြောင်းအတိုင်း   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နေမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း၊ နောက်ဆုံး တွေ့ခဲ့သည့်   ၂၀၂၁   ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုး ခြင်း မပြုရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ဖြစ်သော “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ(UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ရခိုင်အမျိုးသား အဖွဲ့ချုပ်(ULA/AA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA)တို့မှ ကိုယ်စားလှယ်များဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ လက်နက်ကိုင်ပဋိပက္ခများ လျှော့ချရေး၊ ဆက်လက် ဆောင်ရွက်ကြမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များအား အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ၂၀၂၀ ပြည့်နှစ်ရွေး ကောက်ပွဲ၌ NLD ပါတီ၏  မဲမသမာမှုများအပေါ် တပ်မတော်နှင့်နိုင်ငံရေး ပါတီများမှ ညှိနှိုင်း ဆွေးနွေးအဖြေရှာရန်အတွက် နည်းလမ်းပေါင်းစုံနှင့် ကြိုးစားခဲ့သော်လည်း လက်ခံခြင်း မရှိသည့်အတွက် တပ်မတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အရ နိုင်ငံတော်တွင် နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ကြောင်း၊ ထိုအခြေအနေအပေါ်  NLD ပါတီဝင် အစွန်းရောက်များနှင့် တရားမဝင် ဖွဲ့စည်းထားသော CRPH ၊ NUG ကဲ့သို့သော အဖွဲ့အစည်းတို့၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ပေါ်ပေါက်လာသည့် PDF အကြမ်းဖက်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် မရှိကြောင်း၊ အကြမ်းဖက်အဖွဲ့များကို အချို့ EAO များက သင်တန်းပေး၊ လက်နက်ထောက်ပံ့မှုများ လုပ်ဆောင်နေမည်ဆိုပါက NCA ဆိုသည့် ငြိမ်းချမ်းရေးလမ်းကြောင်းက သွေဖည်ပြီး တစ်နိုင်ငံလုံးက ပြည်သူများ လိုလားသည့် ထာဝရ ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်မည်ကို သတိပြုရန် လိုအပ်သည်ကို ပြောလိုကြောင်း ပြောကြားသည်။

မိမိတို့အစိုးရအနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာလာစေရေး၊ NCA လက်မှတ်မရေးထိုးရသေး သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ NCA ၌ ပါဝင် လက်မှတ်ရေးထိုးလာ စေရေး တို့မှတစ်ဆင့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်များနှင့် သတ်မှတ်ပေးထားသော အချိန်ဇယားများ အတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးက မျှော်လင့်တောင့်တ နေသည့် ငြိမ်းချမ်းရေးကို အဆင့်တစ်ခုအထိ ရရှိအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

တတိယအချက်ဖြစ်သည့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု  ဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြု ပေးချေရေး ဆိုင်ရာနှင့်ပတ်သက်ပြီး ပြောကြားသွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်တွင်စတင်ခဲ့ပြီး ယနေ့ဆိုရင် ၇၁ နှစ်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ၇၁ နှစ် သံတမန် ဆက်ဆံရေးကာလအတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ဘက်စုံပူးပေါင်းမှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု

မိမိတို့အစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု၌ ချစ်ကြည်ရင်းနှီးမှုကို အမြဲတန်ဖိုးထား လေးစား လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်း ကျော်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုး/မွေးမြူရေးကို အဓိကထား လုပ်ကိုင်နေသူများ ဖြစ်ကြောင်း၊ စားနပ်ရိက္ခာ ထုတ်လုပ်မှု လုပ်ငန်းကိုသာ ကျယ်ပြန့်စွာ ပိုမိုလုပ်ကိုင်နိုင်မည် ဆိုပါက မိမိတို့နိုင်ငံ၏ စီးပွားရေးအတွက် ကောင်းမွန်သည့် ရလဒ်များကိုသာ ရရှိမည်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား၌ ဆက်သွယ်ပူးပေါင်းဆောင် ရွက်မှုများသည် အနည်းငယ် နှောင့်နှေးမှုများရှိကြောင်း၊ ၁၁-၁-၂၀၂၂ ရက်နေ့မှစ၍ မူဆယ်နယ်စပ် ကုန်သွယ်မှုတွင် ပို့ကုန်(၇)မျိုးနှင့် သွင်းကုန် (၃၁)မျိုးတို့ကို ဘဏ်စနစ်ဖြင့်သာပေးချေ တင်ပို့/တင်သွင်းခွင့်ပြုနေပြီ ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ငွေသားပေးချေမှုနေရာ၌ မြန်မာဘဏ်နှင့် တရုတ်ဘဏ်တစ်ခုနှင့် တစ်ခု ယွမ်/ကျပ် တိုက်ရိုက်ဖလှယ် သုံးစွဲကြရမည်ဖြစ်ပြီး ဘဏ်စနစ်ဖြင့် ဆောင်ရွက်မှု အဆင်ပြေ လာပြီဆိုပါက နောက်ပိုင်းတွင် ပို့ကုန်၊ သွင်းကုန်အားလုံးကို ဘဏ်စနစ်ဖြင့်သာ ကုန်သွယ်မှုပြုလုပ် တော့မည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတွင်လည်း နယ်စပ်ဂိတ်များ စတင်၍ ပြန်လည်ဖွင့်လှစ် လာခဲ့ကြောင်း၊ ထိုသို့ ဖွင့်လှစ်လာရာ၌ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့နိုင်စေရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်း မှုစနစ် လွယ်ကူချောမွေ့စေရန်၊ အမေရိကန် ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချနိုင်ရန်၊ Exchange Rate Risk များ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၈/၂၀၂၁ ဖြင့် တရုတ်-မြန်မာ နှစ်နိုင်င ံနယ်စပ်ဒေသတွင် ယွမ်နှင့်ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုကြောင်းကို ထုတ်ပြန်လိုက်ကြောင်း၊ နိုင်ငံတော်၏ အခွန်ရငွေများကို တရားဝင်ဘဏ်လမ်းကြောင်း အသုံးပြု၍ ယွမ်နှင့်ကျပ် တိုက်ရိုက်လဲလှယ် အသုံးပြုမှုမှ မှန်မှန်ကန်ကန်ရရှိနိုင်စေခြင်း၊ ယွမ်နှင့်ကျပ် နှစ်နိုင်ငံတိုက်ရိုက် အသုံးပြုပေးချေနိုင်ခြင်းကြောင့် ငွေကြေးပူးပေါင်း ဆောင်ရွက်မှုတိုးမြင့် လာနိုင်ပြီး ဒေသတွင်းစီးပွားရေးစနစ်လည်း တိုးမြင့်လာကာ နှစ်နိုင်ငံ အတွက် မှတ်တိုင်တစ်ခု    စိုက်ထူလာနိုင် မည်ဟု မျှော်မှန်းထားကြောင်း ပြောကြားသည်။

ကိုဗစ်-၁၉ ကာကွယ်ရေး 

စတုတ္ထအချက်အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ဆက်လက်ပြောကြား သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ကမ္ဘာပေါ်တွင် ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ စတင်တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့မှာစတင်တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ၏ မျိုးစိတ်ကွဲများ တွေ့ရှိမှုဖြင့် ဆိုပါက ၂ နှစ်ကျော်ကာလရှိပြီ ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ကမ္ဘာ့စီးပွားရေး၊ လူမှုရေး အခြေအနေများအပေါ် ဆုတ်ယုတ် စေသည့် ရိုက်ခတ်မှုများ ဖြစ်ပေါ်လာစေခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင်   ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်ဆေးခဲ့သူ များအနက် ၄၁ ရာခိုင်နှုန်းဖြင့်   ရောဂါပိုးတွေ့ရှိမှု အများဆုံးဖြစ်ကြောင်း၊ ယခု ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ၏ မျိုးကွဲစိတ် အိုမီခရွန်ကို တွေ့ရှိနေရပြီ ဖြစ်ကြောင်း၊ ပညာရှင်များက ပြောပြသည်မှာ ဒယ်လ်တာကဲ့သို့ ရောဂါပြင်းထန်မှုက ကြောက်ဖို့မကောင်းဘူးဟု ပြောကြကြောင်း၊ သို့သော် ကူးစက်မှုမှာ ဒယ်လ်တာမျိုးကွဲကို အိုမီခရွန်မျိုးကွဲက ကျော်တက်နေပြီ ဖြစ်ကြောင်း၊ ယခု မိမိတို့နိုင်ငံ၏ အိမ်နီးနားချင်းနိုင်ငံများတွင် တွေ့သလို ဒေသတွင်းနိုင်ငံတွင်လည်း အိုမီခရွန်ပိုးကိုတွေ့နေရပြီ ဖြစ်ကြောင်း၊ ၁၁-၁-၂၀၂၂ ရက်အထိ အိမ်နီးချင်းတွင် ထိုင်းက ၅၃၉၇ ဦး(ငါးထောင့်လေးရာနီးပါး)၊ အိန္ဒိယက ၄၄၆၁ ဦး (လေးထောင့်လေးရာကျော်)၊ ဒေသတွင်းနိုင်ငံများထဲမှ စင်ကာပူက ၅၃၅ ဦး (ငါးရာ့သုံးဆယ်ကျော်)၊ အင်ဒိုနီးရှား က ၃၃၇ ဦး(သုံးရာ့လေးဆယ်နီးပါး)၊ မိမိတို့နိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့က ပြန်ဝင်လာသော မြန်မာနိုင်ငံသား ၄ ဦး၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့၌ ယူအေအီးနိုင်ငံက ၈ ဦး၊  မလေးရှားနိုင်ငံက ၃ ဦး၊ အိန္ဒိယနိုင်ငံက ၁ ဦး၊ စုစုပေါင်း ပြည်ပ ပြန်ဝင်လာသူ ၁၂ ဦး၊ ၁၁-၁-၂၀၂၂ ရက်နေ့၌ အိန္ဒိယက ပြန်ဝင်လာသော ၃ ဦးနှင့် ၁၂-၁-၂၀၂၂ ရက်နေ့တွင် အိန္ဒိယကပြန်ဝင်လာသူ ၂ ဦး၊ ၁၃-၁-၂၀၂၂ ရက်နေ့တွင် အိန္ဒိယ၊ ယူအေအီး၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာသူ   ၄၂ ဦးထပ်မံတွေ့ရှိရပြီး စုစုပေါင်း ၆၃ ဦးထိ တွေ့ရှိရပြီ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် အိုမီခရွန်မျိုးကွဲ တွေ့ရှိမှုနှင့်အတူ ရောဂါဖြစ်ပွားမှု မြင့်တက်လာ၍ စိုးရိမ်မှုအခြေအနေကို အဆင့်(၄)အထိ သတ်မှတ်ထားကြောင်း၊ ကူးစက်မှု လွန်စွာမြန်ဆန်၍ အန္တရာယ်ရှိသောနေရာများကို ပိတ်ပင်ခြင်း၊ ကိုဗစ်-၁၉ စည်းကမ်းချက် များ တင်းကျပ်ခြင်းတို့ကို ပိုမိုလုပ်ဆောင် လာနေခြင်းအား တွေ့ရှိနေရပြီ ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်တွင်  ၃-၁-၂၀၂၂ တစ်ရက် တည်းတွင် ပိုးတွေ့ရှိမှု ၇၇၅ ဦးရှိပြီး ၎င်းတို့နိုင်ငံ၏ ရက်ပေါင်း ၈၉ ရက်အတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ရှိသွား ကြောင်း၊ ထို့ကြောင့် ကန့်သတ်တားမြစ်မှုများ ပိုလုပ်လာကြကြောင်း၊ အိန္ဒိယနိုင်ငံတွင်  လူဦးရေထူထပ်သည့် မြို့ကြီးများမှတစ်ဆင့် တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အချို့မြို့ကြီး များတွင် ညမထွက်ရ အမိန့်/ စနေ၊ တနင်္ဂနွေအပြင်ထွက်မှု တားမြစ်ချက်များချမှတ်၍ ထိန်းချုပ်နေရမှုများ ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် လှိုင်းအသွင်ဖြင့် ဖြစ်နေခြင်း ဖြစ်ကြောင်း၊  အိုမီခရွန်သည် ကူးစက်ခံရသူအများစုက ရောဂါလက္ခဏာ အနည်းငယ် သာပြခြင်း၊ သို့မဟုတ် လုံး၀ရောဂါလက္ခဏာ မပြသည့်အခြေအနေမှ ကူးစက်ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အိုမီခရွန်မျိုးကွဲသစ် ပေါ်ထွက်လာမှုနှင့် အတူ   အားဖြည့်ကာကွယ်ဆေး (Booster dose)ထိုးနှံရန် လိုအပ်ကြောင်းကို အဆိုပြုထား ကြောင်း၊   အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်လာပါက ကိုယ်ခံစွမ်းအား မြင့်မားစွာ ရရှိထားသည့် အခြေအနေတွင် ကူးစက်ခံရမှု ဖြစ်ပွားရန် မလွယ်ကူကြောင်း၊ အားဖြည့် ကာကွယ်ဆေးထိုးနှံထားမည် ဆိုပါက ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အိုမီခရွန်မျိုးကွဲသစ်နှင့် ပတ်သက်၍ အထူးဂရုပြု အလေးထားဖို့ လိုအပ်မည်ကို ပြောလိုကြောင်း၊ မိမိတို့ ကျန်းမာသန်စွမ်းစွာဖြင့် အသက်ရှင်နေထိုင်နိုင်ရေး ထက် ဘာမှအရေးမကြီးတာ ဖြစ်သည့်အတွက် ကိုယ်စီအသိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်တတိယလှိုင်း၌ မေလတွင် အိန္ဒိယနိုင်ငံတွင်ဖြစ်ခဲ့ပြီး ကြိုတင်သတိ ပေးမှုများ လုပ်ခဲ့သော်လည်း    ဝင်ထွက်မှုများကို ကန့်သတ်နိုင်မှုမရှိခြင်း၊ စည်းကမ်း လိုက်နာမှု နှင့်ပတ်သက်၍    အားနည်းချက်များ ရှိခြင်းကြောင့် ဇူလိုင်လတွင် မြန်မာနိုင်ငံ၌ တတိယလှိုင်းကို မထိန်းနိုင် မသိမ်းနိုင်ဖြစ်ခဲ့သည်မှာ အားလုံးအမြင်ဖြစ်ကြောင်း၊ ပြည်သူလူထု၊ တပ်မတော်၊ နိုင်ငံတော်အစိုးရ၊ လူမှုအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ ယခုစတုတ္ထလှိုင်းသည်လည်း အိမ်နီးချင်းနိုင်ငံများတွင်လည်း ဖြစ်ပေါ်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပိုမိုဂရုပြုကြရန်၊  မြန်မာနိုင်ငံအတွင်း၌လည်း ပြည်ပဝင် ရောက်သည့် လူများရှိကြောင်း၊ ထိုကိစ္စများကို ပိုမိုသတိပြုကြရန်အတွက် ယခု သတင်းစာရှင်းလင်းပွဲမှ တိုင်းရင်းသားပြည်သူအားလုံးကို မေတ္တာရပ်ခံကြောင်း၊ ကိုဗစ် စည်းကမ်းများနှင့်အညီ နေထိုင်ရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။

ဆက်လက်ဖော်ပြပါမည်