ရန်ကုန် မတ် ၃
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ရွှေတိဂုံစေတီတော်ကြီး၏ (၅၇၇) ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက စေတီတော်ရင်ပြင်တော် တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်
ရှေးဦးစွာ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့် ကျ သဘာပတိ ဒေါက်တာရဲအောင်နှင့် အဖွဲ့ဝင်များ က လက်ခံပြီး ထုတိအနုမောဒနာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ အင်းစိန်မြို့နယ် ရွာမပရိ ယတ္တိ စာသင်တိုက် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တိလောကာဘိဝံသ ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာ တရားနာယူကြသည်။
ပေးအပ်လှူဒါန်း
ယနေ့ကျင်းပသည့် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ တွင် ရွှေသင်္ကန်းတော်(ရွှေပြား) အလှူရှင် ၁၁၁ ဦးက ရွှေပြား ၁၄၂ ချပ်၊ ရင်ပြင်တော်အခင်းကျောက်ပြား အလှူရှင်များက ကျောက်ပြား ၅၇၆၂၆ ချပ် လှူဒါန်းခဲ့ကြ ပြီး ငွေသားအလှူရှင် ၃၀ အပါအဝင် လှူဒါန်းငွေစုစုပေါင်း ကျပ် ၁၅၄၀၁၅၂၉၅၀ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်