Skip to main content

အမျိုးသားလွှတ်တော်ရုံးသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ဖိတ်ကြားထား

နေပြည်တော် ဇန်နဝါရီ ၅

ဒုတိယအကြိမ်အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရုံးရေးရာဆောင် I – 19 (အိုင် - ၁၉)သို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်ထက်မစော ၂၆ ရက်ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)