နေပြည်တော် မတ် ၃
နေ၊ ဂြိုဟ်တုနှင့် TVRO (စလောင်း) တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်လေ့ရှိရာ ယင်းသို့ Sun Outage ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။
Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင် (၁) ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် (၁) ကြိမ် ကြုံတွေ့ရလေ့ရှိသည်။
ယင်းဖြစ်စဉ်သည် ထုတ်လွှင့်သည့် ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO (စလောင်း) အရွယ်အစားနှင့် တည်နေရာတို့ အပေါ်မူတည်၍ Sun Outage ဖြစ်သောအချိန်နှင့် Signal ပြတ်တောက်မှုကြာချိန်တို့ ကွာခြားမှုရှိသည်။
Thaicom-6 ဂြိုဟ်တုကိုအသုံးပြု၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော TV Channel များနှင့် ရေဒီယိုအစီအစဉ်များသည် မတ် ၆ ရက်မှ ၁၆ ရက်အတွင်း နေ့စဉ် (၂)မိနစ်မှ (၁၈) မိနစ်ခန့်ထိ Sun Outage ဖြစ်စဉ်ကြောင့် Signal ပြတ်တောက်မှု ဖြစ်ပေါ်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်