Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်    ဇန်နဝါရီ   ၂၅

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များမှ သံဃာတော်များ  ဆွမ်းကွမ်းအဆင်ပြေစေရေးအတွက်   ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊  ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊  အင်အားဖြည့် အစားအစာများကိုလည်း ထောက်ပံ့လှူဒါန်းလျက် ရှိသည်။

ထိုသို့ထောက်ပံ့ လှူဒါန်းလျက်ရှိရာ  မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးတို့သည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ဝဲပျံစာသင်တိုက် ဆရာတော်ကြီးထံသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးပို့လှူဒါန်းသော  ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိသည်။

သတင်းစဉ်