Skip to main content

မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်အကြို ဂျပန်ဂန္ထဝင်ရုပ်ရှင်ပွဲတော်(Japanese Classic Film Festival) ကျင်းပမည်

 

မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂျပန်ဂန္ထဝင် ရုပ်ရှင်ပွဲတော် (Japanese Classic Film Festival)ကို ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံတွင် မတ် ၆ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အစီအစဉ်ဖြင့် ကျင်းပမည်ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို မတ် ၆ ရက် ညနေ ၅ နာရီခွဲတွင် ပြုလုပ်မည်ဖြစ်ရာ The Agency for Cultural Affairs of Japanese Government နှင့် National Film Archive of Japan တို့၏ စီစဉ်မှုဖြင့် ဂျပန်နိုင်ငံ IMAGIKA LAB ၌ Digital Restoration ပြုလုပ်ထားသော “ဂျပန့်ရင်သွေး” ရုပ်ရှင်ဇာတ်ကား (DCP)အား ဂျပန်သံရုံးမှ ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ခြင်းကို ဦးစွာပြုလုပ်မည်ဖြစ်ပြီး ဆက်လက်၍ ယင်းရုပ်ရှင်ဇာတ်ကားကို ပြသမည် ဖြစ်သည်။

ဂျပန်ဂန္ထဝင်ရုပ်ရှင်ပွဲတော်တွင် အေဝမ်းရုပ်ရှင်မှ ၁၉၃၅ ခုနှစ်တွင် ဒါရိုက်တာ ဦးညီပု ရိုက်ကူးထုတ်လုပ်ပြီး သရုပ်ဆောင် ဦးညီပု၊ မောင်မောင်စိုး၊ မောင်စံညွန့် နှင့် ဂျပန်မင်းသမီး မိဆုကို တကရို (အေးမိစံ)တို့ ပါဝင်သရုပ်ဆောင်ထားသော “ဂျပန့်ရင်သွေး” ရုပ်ရှင်ဇာတ်ကားအပါအဝင် ဒါရိုက်တာ Miyazaki Hayao ၏ “My Neighbor Totoro”(၁၉၈၈)၊ ဒါရိုက်တာ Honda Ishiro ၏ “Godiilla” (၁၉၅၄)၊ ဒါရိုက်တာ Kurosawa Akira ၏ “Rashomon”(၁၉၅၀)၊ ဒါရိုက်တာ Yamada Yoji ၏ “Tora-san, the lovable tramp”(၁၉၆၉)နှင့် ဒါရိုက်တာ Ozu Yasujiro ၏ “Tokyo STORY” (၁၉၅၃) စုစုပေါင်း ရုပ်ရှင်ဇာတ်ကား ခြောက်ကားကို အခမဲ့ပြသမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းကို(FDC)