Skip to main content

ဒေါပုံမြို့နယ် ဥပဒေရုံးသစ်နှင့် ဝန်ထမ်းအိမ်ယာသစ်ဖွင့်ပွဲ အခမ်းအနားနှင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးဝန်ထမ်းအိမ်ယာ ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

ဒေါပုံ  မတ်  ၆

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ တွဲလျက် (၃) ထပ် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၂) နာရီ (၄၅) မိနစ်အချိန်က အဆိုပါနေရာ၌ ကျင်းပခဲ့ရာ  ပြည်ထောင်စု ရှေ့နေ့ချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်း တရားသူကြီးချုပ် ဦးလှအေး၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန် ဦးမောင်မောင်စိုး တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရယာ(၄)ခန်းတွဲ (၆) ထပ် (RC) အဆောက်အအုံဆောက်လုပ်နိုင်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဆက်လက် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဥပဒေအရာရှိများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)