Skip to main content

လွိုင်ကော်မြို့၊ ရွှေအင်းသား (မှုံပြာ) ပရဟိတအသင်းအတွက် ထောက်ပံ့‌ငွေ ပေးအပ်

လွိုင်ကော်  မတ်  ၆

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယနေ့နံနက် ၁၀ နာရီအချိန် က ရွှေအင်းသား (မှုံပြာ) ပရဟိတအသင်း မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အသင်းအတွက်လိုအပ် လျက်ရှိသော မိလ္လာပုံး(၂)ပုံးဝယ်ယူ နိုင်ရန်အတွက် ငွေကျပ်(၄)သိန်းအား ထောက်ပံ့ ပေးအပ်ခဲ့သည်။

လွိုင်ကော်မြို့၊ ရွှေအင်းသား(မှုံပြာ) ပရဟိတအသင်းအနေဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လမှစတင်ပြီး အပတ်စဉ် (တနင်္ဂနွေနေ့) တိုင်း လွိုင်ကော်မြို့ နှင့် နီးစပ်ရာ မြို့နယ်များဖြစ်သော လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို အတွင်းရှိ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ပရဟိတကျောင်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများ၊ လူမှုရေး၊ ဘာသာရေး နှင့်ပတ်သက်သည့် အဆောက်အအုံများတွင် မိလ္လာကန်သန့်ရှင်းမှုနှင့်စပ်လျဉ်းသော အခက်အခဲများအား အခမဲ့ လိုက်ပါ ကုသိုလ်ပြု ဆောင်ရွက်ပေးလျက်ရှိသော ပရဟိတအသင်းဖြစ်ပြီး အသင်းသား(၂၅)ဦးခန့် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော (၁၅၀၀)လီတာဆံ့ မိလ္လာပုံး(၂) ပုံး ဝယ်ယူနိုင်ရန် အတွက် ပြည်နယ်အစိုးရအဖွဲ့ထံသို့ တင်ပြလာမှုအပေါ်  ပြည်နယ်ဝန်ကြီးချုပ်မှ ယခုလို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ထွန်းလေး