ဒေသတစ်ခု တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်ပြီး သာယာ ဝပြောကာ ဒေသခံပြည်သူများ စိတ်နှလုံးအေးချမ်းသာယာ ပျော်ရွှင်စွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။ ဒေသတစ်ခု တည်ငြိမ်အေးချမ်းမှုမရှိပါက ဒေသဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုတို့ကို မဆောင်ကြဉ်းနိုင်သည့်အပြင် ဒေသခံပြည်သူတို့ လုံခြုံမှု မရှိသဖြင့် စိတ်နှလုံးညှိုးချုံးဆင်းရဲပြီး ဒုက္ခအခက်အခဲများ ကြုံကြရသည်။
လက်ရှိအခြေအနေတွင် ချင်းပြည်နယ်၊ ကယားပြည်နယ် အပါအဝင် နိုင်ငံအတွင်းရှိ ဒေသအချို့၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေ ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များရှိနေသည်မှာ နိုင်ငံတော်နှင့် ဒေသခံပြည်သူများအတွက် အန္တရာယ် အလွန်ကြီးမားလှပါသည်။ ဖြစ်ပေါ်ခဲ့သည့် ပြဿနာမှာ နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယင်းကို အကြောင်းပြု၍ တည်ငြိမ်အေးချမ်းမှု ပျက်စီးရေး၊ တိုင်းပြည်ပျက်စီးရေးကို လုပ်ဆောင်ခြင်းသည် အောင်မြင်မှုမရရှိဘဲ အကျိုးယုတ်ခြင်းသာ ဖြစ်စေနိုင်ပါသည်။
တပ်မတော်သည် လျှောက်လှမ်းနေသော ဒီမိုကရေစီလမ်းကြောင်းကို တည့်မတ်မှန်ကန် ဖြောင့်တန်းစေရန်အတွက် နိုင်ငံတော်၏တာဝန်ကို မလွှဲမရှောင်သာဘဲ ရယူဆောင်ရွက်နေခြင်း ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် သတ်မှတ်ကာလအတွင်း ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်နှင့် အညီ နိုင်ငံတော်နှင့်ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းရေးကို သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်လျက် ရှိသည်။ တိုင်းပြည်အတွက် အရေးကြီးသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြိုးပမ်းလျက်ရှိသည်။
ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော် တည်ဆောက်ရေး အတွက် အထူးအရေးပါလျက် ရှိသည်။ ရရှိထားသော တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် ပဋိပက္ခများကင်းဝေးပြီး ဒေသတည်ငြိမ် အေးချမ်းရန် အထူးလိုအပ်လျက်ရှိသည်။ အရေးကြီးသော တိုင်းပြည်အတွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးကို တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်း ဖော်ဆောင်ပေးနိုင်ပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။
ယနေ့အချိန်အခါသည် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီး အေးချမ်း သာယာစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသားပြည်သူများ အားလုံး၏ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရမည့် အချိန်အခါဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုး များစွာဖြင့် စုစည်းနေထိုင်ကြသော မြန်မာနိုင်ငံ အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားရေး စိတ်ဓာတ်များမှာ မည်မျှအရေးကြီးကြောင်း မြန်မာ့သမိုင်းတွင် သက်သေ အထင်အရှားရှိ အဖြစ်မျိုးနှင့် တွေ့လေးတယောက်အသင့် ပြသတစ်မြေတည်းနေ၊ တစ်ရေတည်း သောက်၍ ပြည်ထောင်စုကြီးအတွင်းအတူ ယှဉ်တွဲနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူ အားလုံးသည် ရှေးအစဉ်အဆက် ကတည်းက မရှိအတူ၊ ရှိအတူ အေးအတူပူအမျှ နေထိုင်ခဲ့ကြပါသည်။ ထိုသို့ နေထိုင်နိုင်ရန် ပြည်ထောင်စုကြီး ထာဝစဉ်အဓွန့်ရှည်တည်တံ့ ခိုင်မြဲနေရန် လိုအပ်ပါသည်။ ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲနေစေရန်အတွက် ပြည်ထောင်စု စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ကာကွယ် စောင့်ရှောက်သွားကြရန် လိုအပ်ပါသည်။ သို့မှသာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲပြီး ထာဝရငြိမ်းချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်ကာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နေနိုင်မည်ဖြစ်ပါက တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းမှသာ မိမိတို့ဒေသများ ဖွံ့ဖြိုး တိုးတက်လာပြီး ဒေသခံတိုင်းရင်းသားပြည်သူများ လူမှုစီးပွားများ ဖွံ့ဖြိုးတိုးတက်ကာ ကိုယ်စိတ်နှစ်ပါးချမ်းသာမည်ဖြစ်သည်။ မျှော်မှန်းထားသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ရရှိနိုင်မည်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနှောင့်ယှက်မှုများ နှင့်သာ ကြုံတွေ့နေရပါက တိုင်းရင်းသားပြည်သူများ မျှော်မှန်းထားသည့်၊ လိုလားလျက်ရှိသည့် လူမှုဘဝများ ပျောက်ကွယ်နေမည် ဖြစ်သည်။ တိုင်းရင်းသားပြည်သူများ ကိုယ်စိတ်နှစ်ပါး ဆင်းရဲပြီး ဒုက္ခနွံတွင်း၌သာ တဝဲလည်လည်ဖြစ်နေမည် ဖြစ်သည်။
သို့ဖြစ်ရာ ဖြစ်ပေါ်ခဲ့သော မတည်မငြိမ်မှုများ၊ ပဋိပက္ခများ၏ အကြောင်းရင်း အမှန်တရားများကို သိရှိနားလည်ပြီး နိုင်ငံတော်ပြိုကွဲ ပျက်စီးအောင် လုပ်ဆောင်နေသူများနှင့် ပြည်တွင်း ပြည်ပမှ အဖျက်အမှောင့် လုပ်ဆောင်နေသူများ၏ လုပ်ရပ်များ၊ ပယောဂများကို သိမြင်နားလည် သတိထားရန် လိုအပ်ပါသည်။ ဒေသလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး အတွက် အကြမ်းဖက် အဖျက်လုပ်ရပ်များကို နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းဖယ်ရှား သွားကြရန် လိုအပ်ပါကြောင်း။ ။