ကျောင်းကုန်း မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အုပ်စု၊ လှည်းဆိပ်ကျေးရွာတွင် ကျေးရွာလျှပ်စစ်မီး ဖွင့်လှစ်ပွဲကို ယနေ့နံနက် ၈ နာရီ အချိန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံလိုအပ်ချက်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းနှင့်လျှပ် စစ်မီးရရှိရေးဟာ အဓိကကျတဲ့ လုပ် ငန်းများဖြစ်တဲ့ အတွက် ပြည်သူကိုဗဟိုပြုသောပြည် သူ့အစိုးရလက်ထက်မှာ နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ပေးနေသလို ကမ္ဘာ့ဘဏ်ချေးငွေနဲ့ NEP စီမံကိန်းဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေး နေကြောင်း ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဒုတိယတိုင်းဒေသကြီး အင်ဂျင်နီယာမှူးကြီး ဦးဝင်းမင်းထွန်းက ၂၀၁၈ ၂၀၁၉ဘဏ္ဏာရေးနှစ်လှည်းဆိပ် ကျေးရွာအုပ်စုအတွင်း (၄)ရွာလျှပ်စစ်မီး ရရှိရေးအတွက် 11 KV ဓာတ်အားလိုင်း(၃)မိုင်နဲ့ကျောင်းကုန်း-အိမ်မဲလမ်းမကြီးတစ်လျောက်ရှိ ကျေးရွာများအတွက် 11 KV ဓာတ်အားလိုင်း(၈)မိုင်ကို တိုင်းဒေသကြီး ရန်ပုံငွေကျပ်(၃၀၈)သန်းဖြင့် တည်ဆောက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လှည်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးပိုင် က လှည်းဆိပ်အုပ်စုတွင် ကျေးရွာခွဲ(၁၀) ရွာရှိကြောင်း၊ အိမ်ခြေပေါင်း(၁၄၀၂)စု၊ လူဦးရေ(၅၃၀၀)ကျော် ရှိကြောင်း ၊ ကျေးရွာမီးရရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ် များကြိုးစားဆောင်ရွက်မှုကြောင့် ယခုလိုမီးရရှိတာဖြစ်ကြောင်း ပြောကြား ခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ကျေးရွာမီးလင်းရေး အထိမ်းအမှတ်အလံများကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးပိုင် ကပေးအပ်ခဲ့သည်။
ထို့နောက် ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်း က ကျေးရွာခွဲ(၁၀) ရွာရှိသည့်အနက် လှည်းဆိပ် ကျေးရွာ၊ ရွာသစ်ကုန်းရွာ၊ မာလာကွင်းရွာနှင့် အုန်းပင်စုရွာစုစုပေါင်း(၄)ရွာ လျှပ်စစ်မီး လင်းပြီဖြစ်ကြောင်း၊ လှည်းဆိပ်ကျေးရွာတွင် 66/11KV,10 MVA တည်ဆောက်ရန် စီစဉ်နေပြီဖြစ်ပြီး၊ တည်ဆောက်ပြီးသွားပါက ယခုထက်ပိုမို လျှပ်စစ်မီးအားကောင်းလာမှာမို့ ဒေသခံပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ် ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)