နေပြည်တော် မတ် ၇
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကော်မရှင် ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနား တွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး (ဝဲပုံ) အခြေခံလေ့ကျင့် ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ၌ ပထမရရှိသော ဒေါ်အိရွှေဇင်အောင်၊ ဒုတိယရရှိသော ဒေါ်သိမ့်သီရိဆွေ၊ တတိယရရှိသော ဒေါ်မြတ်ပန်းဖြူ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက သင်တန်းဆင်း လက်မှတ်များကို သင်တန်းသား သင်တန်းသူများကိုယ်စား ဦးကောင်း ထက်လင်းအား ပေးအပ်သည်။
သင်တန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ အခြားဆက်စပ် ဥပဒေများ၊ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေး ဘာသာရပ်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ရုံးလုပ်ငန်းလက်စွဲ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ကျင့်ဝတ်၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုများ၊ အဂတိ လိုက်စားမှုဆိုင်ရာ တိုင်းတာခြင်း စသည့်ဘာသာရပ်များအား ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ပအဖွဲ့အစည်းများမှ ကျွမ်းကျင် ပညာရှင်များ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် ကော်မရှင်ရုံးတို့မှ သင်တန်းနည်းပြများက ပို့ချခဲ့ကြောင်း သိရသည်။
အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၀)ကို ဖေဖော်ဝါရီ ၁၀ ရက်မှ မတ် ၆ ရက်အထိ ၄ ပတ် ကြာ ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်း သို့ ဒုတိယစုံစမ်းရေးမှူး ၂၅ ဦး၊ လက်ထောက် စုံစမ်းရေး မှူး ၃၀ နှင့် ဒုတိယလက်ထောက်ဦးစီးမှူး ၈၀ စုစုပေါင်း ၁၃၅ ဦးတို့ တက်ရောက်ခဲ့ ကြသည်။ သတင်းစဉ်