ဘားအံ မတ် ၈
ဘားအံမြို့ပေါ်သန့်ရှင်းသာယာလှပရေး၊ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်နေမှုများ မရှိစေရေးအတွက် ရည်ရွယ် ပြီး အပတ်စဉ် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်လျက်ရှိရာ ယမန်နေ့ (၆)နာရီခွဲအချိန်က ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ဘားအံမြို့ပေါ်ကမ်းနားလမ်း တစ်လျှောက်တွင် စုပေါင်းအမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ အမှိုက်ကောက်ရာတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ဘားအံမြို့ ကမ်းနားလမ်းတစ်လျှောက် ပလတ်စတစ်နှင့် စသည့် အမှိုက်များအား စုပေါင်း အမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)