Skip to main content

စာရေးဆရာမ တူးတူးသာ၏ “ဗန်တမာလမ်းက အလွမ်းခြေရာ” စာအုပ်မိတ်ဆက်ပွဲကျင်းပ

ရန်ကုန် မတ် ၉

စာရေးဆရာမ တူးတူးသာ၏ “ဗန်တမာလမ်းက အလွမ်းခြေရာ” စာအုပ်မိတ်ဆက်ပွဲ ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥ ဒေါင်းခန်းမ၌ ကျင်းပသည်။

စာအုပ်မိတ်ဆက်ပွဲတွင် ကဗျာဆရာ မောင်လင်းရိပ်၊ စာရေးဆရာမ ခင်မြဇင်၊ ကာတွန်းဆရာ ဇာနီဇော်ဝင်း တို့က အမှတ်တရစကားများ ပြောကြားကြသည်။

“ဝတ္ထုကို ၁၉၉၂ - ၁၉၉၄ ခုနှစ်အတွင်း ဂျီတီအိုင်ကျောင်းသားဘဝ ဖြတ်သန်းခဲ့တဲ့ လွမ်းမောပျော်ရွှင်ဖွယ်တွေကို ဝတ္ထုတစ်ပုဒ်အဖြစ် ရေးသားထားတာ ဖြစ်ပါတယ်” ဟု စာရေးဆရာမ တူးတူးသာက ပြောသည်။

 အဆိုပါ “ဗန်တမာလမ်းက အလွမ်းခြေရာ” ဝတ္ထုစာအုပ်ကို စိတ်ကူးကူးချိုချိုစာပေမှ ငွေကျပ် ၄၅၀၀ နှုန်းဖြင့် တနိုင်ငံလုံးသို့ ဖြန့်ချီသွားမည်ဖြစ်သည်။

ကိုကိုအေး