Skip to main content

မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  မတ်   

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်  ရက် နံနက်  နာရီခွဲတွင် ရွာငံမြို့နယ် အင်ကုန်းကျေးရွာအနီး ရွာငံ ကျောက်ဆည် လမ်းပေါ်၌ ယာဉ်မောင်း မောင်မောင်လွင်()မြင့်ဇော်လွင် မောင်းနှင်ပြီး စိုင်းဆန် ပေါင်းနှင့် စိုင်းစိန်ဝင်းတို့ လိုက်ပါလာသည့် ISUZU အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ် အတွင်းမှ အိုက်စ် ၂၁၇ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၇၈၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း။

အလားတူ နံနက် ၁၁ နာရီခွဲတွင် မူဆယ်မြို့နယ် နမ့်ဟွယ်ကျေးရွာအနီး ပန်ဆိုင်း (ကြူကုတ်)- မူဆယ် လမ်းပေါ်၌ ရန်ချိန်လုံ()အားလုံ မောင်းနှင်လာသည့် VIGO အမျိုးအစား မော်တော်ယာဉ်၏ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ စက္ကူကတ်ထူဖာအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၅၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း။

ထို့အတူ မွန်းလွဲ  နာရီ ၃၅ မိနစ်တွင် ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအနီး ပင်လောင်း ဖယ်ခုံ လမ်းပေါ်၌ ကြာသိန်း မောင်းနှင်လာသည့် Mitsubishi Double Cab အမျိုးအစား မော်တော်ယာဉ်အတွင်းမှ ဘိန်းစိမ်း ၅၀၁ ကီလိုကိုလည်းကောင်း။

ထို့ပြင်   နာရီခွဲတွင် ဖားကန့်မြို့နယ် ဆိုင်းအောင်ကျေးရွာအနီး နမ့်မော် ဝှေခါ လမ်းပေါ်၌ မလွမ်နော်အား ရှာဖွေရာ ၎င်းလက်ထဲရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၆၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

အလားတူ         တပ်မတော်မှ မတ်  ရက် ညနေ  နာရီခွဲတွင် မိုင်းဆတ်မြို့နယ် မိုင်းထလန်းကျေးရွာအနီး ကမ်းပါးစောင်းနေရာတွင် မြေကျင်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀ ကို လည်းကောင်း။

ထို့အတူ မတ်  ရက် နံနက် ၁၁ နာရီခွဲတွင် မိုင်းဆတ်မြို့နယ် မယ်ကြုပ်(ကျေးရွာအနီး ချုံအတွင်းရှိ ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မိုင်းဆတ်မြို့နယ် မိုင်းထလန်းကျေးရွာအနီး တောင်ယာတဲအနီး မြေကျင်းအတွင်းရှိ ဆာလာအိတ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀၀၀ ကိုလည်းကောင်း၊ ညနေ  နာရီ မိနစ် ၂၀ တွင် မိုင်းဆတ်မြို့နယ် မိုင်းဆတ် မိုင်းတွန်း ကားလမ်း၏ တောင်စောင်းနေရာတွင် မြေကျင်းတူး၍ မြှုပ်နှံထားသော ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀  အိုက်စ်  ကီလိုကိုလည်းကောင်း။

ထို့ပြင် မတ်  ရက် နံနက် ၁၁ နာရီခွဲတွင် မိုင်းဆတ်မြို့နယ် မယ်ကြုပ်()ကျေးရွာအနီး တောင်ယာသွားလမ်းဘေးမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရဲပြန်ကြား