(၉-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် -
(က) မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နေထိုင်သော အသက် (၁) နှစ် (၂) လ အရွယ် ကလေး (ကျား)တစ်ဦးသည် (၆-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ မှိန်းခြင်း၊ အသက်ရှူသံ ပုံမှန်မဟုတ်ခြင်း၊ နို့မစို့နိုင်ခြင်းစသည့် လက္ခဏာများခံစားခဲ့ရ သဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် မကွေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ အဆိုပါကလေးငယ်အား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ မိခင်နှင့်အတူ မကွေး ပြည်သူ့ဆေးရုံကြီး၊ သီးသန့်ကုသဆောင်တွင် ထားရှိကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲ နမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါကလေးငယ်၏ ဖခင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၂၉-၂-၂၀၂၀) ရက်နေ့တွင်ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
(ခ) မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် နေထိုင်သော အသက် (၃၂) နှစ် အရွယ် အမျိုးသမီးတစ်ဦးသည် လွန်ခဲ့သော (၁)လခန့်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ အသက်ရှူကြပ်ခြင်းစသည့်လက္ခဏာများခံစားခဲ့ရပြီး လွန်ခဲ့သော (၂) ပတ်ခန့် တွင် ချောင်းဆိုးသွေးပါခြင်း ဝေဒနာခံစားခဲ့ရသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ ၎င်းမှာ သံသယလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်နှင့် လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်း လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ တွေ့ရှိရ သဖြင့် ကန်တော်နဒီဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။
(ဂ) ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ညောင်သုံးပင်ရွာတွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၈-၃-၂၀၂၀) ရက် နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှူကြပ်ခြင်း စသည့်လက္ခဏာများ စတင်ခံစားခဲ့ရသဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ပါသည်။ လူနာမှာ ရောဂါကူးစက် ဖြစ်ပွားလျက်ရှိသော ဒေသများ သို့ ခရီးသွားရာဇဝင်နှင့် သံသယ လူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသော်လည်း လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ တွေ့ရှိရ သဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးခဲ့ရာ (၉-၃-၂၀၂၀) ရက် နေ့တွင်ရရှိသောအဖြေအရ COVID-19 ရောဂါပိုးမရှိကြောင်း တွေ့ရှိရပါသည်။ (အောက်စာပိုဒ် (၃) တွင်လည်း ဓာတ်ခွဲအဖြေတွင်လည်း ဖော်ပြထားပါသည်။)
(ဃ) ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် နေထိုင်သော အသက် (၃၄) နှစ်အရွယ် ကိုယ်ဝန် ဆောင်အမျိုးသမီးသည် (၉-၃-၂၀၂၀) ရက်နေ့တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၈-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားနာ ခဲ့ကြောင်းနှင့် (၉-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက် ရောက်ချိန်တွင် အဖျားရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဝေဘာဂီ အထူးကုဆေးရုံ ကြီးသို့ ညွန်းပို့ခဲ့ပါသည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး (၉-၃-၂၀၂၀) ရက်နေ့တွင် ဓါတ်ခွဲ နမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။
(င) ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် နေထိုင်သော အသက် (၄၃) နှစ် အရွယ် အမျိုးသားတစ်ဦးသည် လွန်ခဲ့သော (၃) ပတ်ခန့်ကစတင်၍ ဖျားခြင်း၊ ချောင်း ဆိုးခြင်းစသည့် လက္ခဏာများခံစားခဲ့ရသဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် ကျောက် တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ အဆိုပါလူနာအား စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိကုသမှုပေးလျက်ရှိပြီး (၉-၃-၂၀၂၀) ရက် နေ့တွင် ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ မတွေ့ရှိရကြောင်းနှင့် ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ (၂၆-၂-၂၀၂၀) ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
(စ) မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် နေထိုင်သော အသက် (၃၉) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၈-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့် လက္ခဏာများခံစားခဲ့ရသဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် ပခုက္ကူပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ပခုက္ကူပြည်သူ့ဆေးရုံကြီး၊ သီးသန့်ကုသဆောင်တွင် ထားရှိကုသမှုပေး လျက်ရှိပြီး (၉-၃-၂၀၂၀) ရက်နေ့တွင် ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။ အဆိုပါ လူနာသည် ထိုင်း-မလေးရှားနယ်စပ်တွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး (၈-၃-၂၀၂၀) ရက်နေ့၌ မြဝတီနယ်စပ်မှ ပခုက္ကူသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
(ဆ) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်းတယမြို့နယ်တွင်နေထိုင်သော အသက် (၂၃) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၄-၃-၂၀၂၀) ရက်နေ့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထွက်ခွာလာပြီး (၈-၃-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် (၉-၃-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့သို့လည်းကောင်း ရောက်ရှိခဲ့ပြီး ဖျားနာခဲ့သဖြင့် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ အဆိုပါလူနာအား စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။
၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့၊ ညနေပိုင်းတွင် ပေးပို့လာသော ဓာတ်ခွဲအဖြေများအရ -
(က) ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် နေထိုင်နေသည့် အမေရိကန်နိုင်ငံသား အသက် (၂၆) နှစ်အရွယ် အမျိုးသားတစ်ဦး၊
(ခ) ဘားအံမြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပညာသင်ကြားနေသည့် အသက် (၁၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊
(ဂ) ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော အသက် (၂၅) နှစ်အရွယ် လက်ထောက်ဆရာဝန်အမျိုးသားတစ်ဦး၊
(ဃ) အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြည့်ကုသမှုခံယူနေသော ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် နေထိုင်သည့် အသက် (၂၄) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊
(င) ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် နေထိုင်သည့် ကိုရီးယားသမ္မတနိုင်ငံသား အသက် (၅၂) နှစ်အရွယ် အမျိုးသားတစ်ဦး၊
(စ) ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် နေထိုင်သော အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်
(ဆ) ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်ကုသမှုခံယူနေသော ထန်းတပင်မြို့နယ်၊ ညောင်သုံးပင်ရွာတွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦး၊
စုစုပေါင်း (၇) ဦးတို့တွင် COVID-19 ရောဂါပိုးမရှိကြောင်း တွေ့ရှိရပါသည်။
၄။ ယနေ့ (၉-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ လူနာ (၁၁) ဦးအား သက်ဆိုင် ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။
၅။ (၈-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသော လေယာဉ်တစ်စီးပေါ်တွင် COVID-19 ရောဂါဖြစ်ပွားမှု များပြားနေသော ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသား (၂) ဦး လိုက်ပါလာကြောင်း လေယာဉ်မှူးကြီးမှ သတင်းပေးပို့လာပါသည်။ ၎င်းတို့တွင် ဖျားခြင်းနှင့် အခြားအသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရသည့်အပြင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့မှုမရှိကြောင်း သိရှိရပါသည်။ သို့ရာတွင် ရောဂါဖြစ်ပွားမှု မြင့်မားလျက်ရှိသော ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့တွင် နေထိုင်ခဲ့သည့် ရာဇဝင်ရှိသဖြင့် အဆိုပါ မြန်မာနိုင်ငံသား (၂) ဦးအား တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပြီး (၁၄)ရက် ခွဲခြားထားရှိ၍ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
၆။ (၉-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၀၁) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေ ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါ သည်။
Ref; Ministry of Health and Sports, Myanmar