Skip to main content

(၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစား တပ်မတော် အရာရှိကြီးများအား ဂါရဝပြုနှုတ်ဆက်

နေပြည်တော် မတ် ၂၆

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားသို့ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော် အရာရှိကြီး များနှင့် ဇနီးများသည်လည်း ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ ခေတ္တတည်းခို နေထိုင်လျက်ရှိသည်။

အဆိုပါ  အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ယနေ့ညနေပိုင်းတွင် သွားရောက်၍ တွေ့ဆုံဂါရဝပြုနှုတ်ဆက်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့ သည် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား တစ်ဦးချင်းလိုက်လံ ဂါရဝပြု နှုတ်ဆက်ခဲ့ပြီး ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ လိုအပ်ချက်များကို မေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများ၊ စစ်မှန် စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု   တည်ဆောက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ လက်တွဲ၍ တက်ညီလက်ညီဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ စတင် သန္ဓေတည်ကတည်းပင် ရှိခဲ့သည့် တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းများကို ဆက်လက်၍ လက်ဆင့်ကမ်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော် သားများနှင့် မိသားစုဝင်များ၏ စားရေး၊ နေရေး၊ ဝတ်ရေးတို့နှင့် ပတ်သက်၍ အမြဲမပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြား ခဲ့ရာ  အငြိမ်းစားတပ်မတော်အရာရှိကြီးများက တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်သည့် အခြေအနေများနှင့် အခြားဩဝါဒစကား များကို  ပြန်လည်ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။