Skip to main content

(၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြသည့် အငြိမ်းစားတပ်မတော်အရာရှိ ကြီးများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့

နေပြည်တော် မတ် ၂၇

ယနေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့ ကြသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြု ကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိကြီး ၂၅ ဦးနှင့် ဇနီး ၁၆ ဦးတို့ကန်တော့ခံ တက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက် ဂါရဝပြုကန်တော့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂါရဝပြုစကား ပြောကြားရာတွင် ယခုကဲ့သို့ (၇၇)နှစ်မြောက် တပ်မတော်နေ့တွင် ဂါရဝပြုကန်တော့ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဦးစွာပြော ကြား၍ ခေတ်အဆက်ဆက် တပ်မတော်မှနိုင်ငံတော်၏တာဝန်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ထမ်းဆောင်ခဲ့မှုနှင့် လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်နေမှု အခြေအနေများ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက် နေမှုအခြေအနေများ၊ ပြည်ထောင်စုမပြိုကွဲရေးအတွက် တပ်မတော်မှ မားမားမတ်မတ် ရပ်တည်ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေများ၊ မလွှဲသာသည့်အခြေအနေတွင် တပ်မတော်မှနိုင်ငံတော်၏ တာဝန်အရပ်ရပ်အား လွှဲပြောင်းတာဝန်ယူခဲ့ရမှု အခြေအနေများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ပြောကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီး များအား မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့် အညီ ရိုသေစွာဖြင့် ဂါရဝပြုကန်တော့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော် အရာရှိကြီးများက အငြိမ်းစားတပ်မတော် အရာရှိကြီးများထံ ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရိုသေစွာ ဂါရဝပြု ပေးအပ်ကြသည်။

ထို့နောက် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများ ကိုယ်စား ဗိုလ်ချုပ်သူရစောဖြူ (အငြိမ်းစား)နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်(အငြိမ်းစား)တို့က ဩဝါဒစကားများ  ပြန်လည်ပြောကြား ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများသည်  အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည့် အခမ်းအနား တက်ရောက်လာကြသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။