Skip to main content

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ လှိုင်းဘွဲမြို့နယ်ရှိ စာဖြေဌာနများသို့ လှည့်လည်ကြည့်ရှုအားပေး

လှိုင်းဘွဲ  မတ် ၁၂

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ(၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ တစ်ပြိုင်နက် ကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့်ဌာနဆိုင်ရာများ လှိုင်းဘွဲမြို့နယ် စာစစ်ဌာနရှိ စာဖြေဌာန (၁၁)ခုတွင် ဖြေဆိုနေမှုနှင့် ဆောင်ရွက်ထားရှိမှုများ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုနေမှုကို ယနေ့နံနက်(၉)နာရီ အချိန်က ကြည့်ရှုအားပေးခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ် စာစစ်ဌာနရှိ စာဖြေဌာန(၁၁)ခုတွင် ကျောင်းသား/သူ (၃၃၄၁)ဦး ဝင်ရောက်ဖြေဆိုကြောင်းနှင့် စာဖြေဌာနများတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ပညာရေးမှူး၊ လှိုင်းဘွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများပူးပေါင်း၍ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

လှိုင်းဘွဲမြို့နယ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာရင်းရှိ (၃၅၁၀)ဦး ကျောင်းသား/သူ ဖြေဆိုသူ (၃၃၄၁)ဦး (၉၅.၁၉) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)