Skip to main content

ဘားအံမြို့နယ် နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင် တက်ရောက်

ဘားအံ မတ် ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခမဲ့အခြေခံ အားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဘားအံမြို့ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ကြောင်း  သိရသည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစတင်အောင်မြင့်ဦးက နွေရာသီအခြေခံ အားကစားသင်တန်းများနှင့် ပတ်သက်ပြီး စည်မျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြာခဲ့သည်။

ယခုနှစ် ဘားအံမြို့နယ်အတွင်း နွေရာသီအခြေခံ အားကစားသင်တန်းများတွင် ဘောလုံးကစားနည်းသင်တန်းတွင် ကျား/မ(၂၆၅)ဦး၊ ဂျူဒိုကစားနည်းသင်တန်းတွင် ကျား/မ (၈၄) ဦး၊ ကြက်တောင်ရိုက်ကစားနည်းသင်တန်းတွင် ကျား/မ(၁၉၃)ဦး၊ ပိုက်ကျော်ခြင်း ကစားနည်း သင်တန်းတွင် ကျား(၅၅)ဦး၊ ဘတ်စကက်ဘော ကစားနည်းသင်တန်းတွင် ကျား/မ(၃၇)ဦး၊ ကရာတေးဒိုကစားနည်းသင်တန်းတွင် ကျား/မ(၁၄၉)ဦး၊ အေရိုးဗစ်ကစားနည်းသင်တန်းတွင် ကျား/မ(၁၀၀)ဦး၊ ဘော်လီဘောကစားနည်းသင်တန်းတွင် ကျား/မ(၅)ဦး၊ စားပွဲတင် တင်းနစ် ကစားနည်းသင်တန်းတွင် ကျား/မ(၁၇)ဦး စုစုပေါင်း(၉၀၅)ဦးအား  သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်အပါအဝင် မြို့နယ်(၇)နယ်လုံးတွင် အခြေခံကျောင်းသား/သူအရွယ်မှ စတင်ကာ အားကစားသမားကောင်းများပေါ်ထွက်လာစေရေး၊ ကျန်းမာကြံ့ခိုင်မှုရှိစေရေး စသည့်ရည်ရွယ်ချက်များဖြင့် အားကစားနည်းအလိုက် သင်တန်းများဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)