ကျောက်ဆည် မတ် ၁၂
ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဆင်နှစ်ကောင်ရပ်ကွက်တွင် တည်ဆောက်ထားသည့် “Kyaukse Paradiso Cinemas” ရုပ်ရှင်ရုံကြီးအား ယနေ့ နံနက် (၁၀) နာရီက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင်၊ မန္တလေးတိုင်းဒေကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်အမြစ် ဝန်ကြီး ဦးအောင်ကြည်နှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးဦးထွန်းမင်းဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ရုပ်ရှင်ရုံကြီးကို Paradiso Cinemas Company Linited မှ တည်ဆောက်ထားသည့် ရုပ်ရှင်ရုံဖြစ်ကြောင်းနှင့် ကုမ္မဏီအနေဖြင့် နိုင်ငံအနှံအပြားရှိ ပြည်သူများ စိတ်အပန်းဖျော်ဖြေမှုရရှိစေရေးအတွက် ရုပ်ရှင်ရုံပေါင်း (၁၀၀) ဆောက်လုပ်ပြသသွားမည်ဖြစ်ကြောင်း၊ မတ်(၁၃)ရက်နေ့များတွင်လည်း မကွေးမြို့နှင့် အောင်လံမြို့များရှိ ရုပ်ရှင်ရုံများကိုလည်း ၎င်းမြို့များရှိပြည်သူများ ရုပ်ရှင်ဇာတ်ကားကောင်းများကို စိတ်အေးချမ်းသာစွာ အပန်းဖြေကြည့်ရှုနိုင်စေရေး ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)