Skip to main content

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ပိုင်ကျုံ မတ် ၁၂

ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့အတွင်းရှိ စာစစ်ဌာနများသို့ လာရောက်ကြည့်ရှု စစ်ဆေးသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုနေမှုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ဖြေဆိုနိုင်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ပိုင်ကျုံမြို့အတွင်း ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၄) ခုတွင် ကျောင်းသား၊ ကျောင်းသူ (၈၈၇) ဦး စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားပြီး (၈၁၆) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၇၁) ဦး ဝင်ရောက်ဖြေဆိုမှု မရှိကြောင်း သတင်းရရှိသည်။

စောpဖိုး(ပြန်/ဆက်)

ဓာတ်ပုံ-ခင်စန်းမြင့်