နေပြည်တော် မတ် ၁၂
(၂၆) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိအမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပသည်။
အစည်းအဝေးသို့ UPDJC အတွင်းရေးမှူးများဖြစ်ကြသည့် အစိုးရအစုအဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ်ရဲရင့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအစုအဖွဲ့မှ ပဒိုစော တာဒိုမူး၊ ဦးမျိုးဝင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ဦးနိုင်ငံလင်း၊ ဦးမြင့်စိုး၊ စိုင်းကျော်ညွှန့်၊ တာလှဖေနှင့် ဦးသိန်းထွန်းတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် (၁၈) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ - UPDJC အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်မည့် ရှေ့လုပ်ငန်းစဉ် များနှင့် အတွင်းရေးမှူးများ အစည်းအဝေး ထပ်မံကျင်းပမည့် အစီအစဉ်များ ကိုဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)