မကြာသေးမီရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေးဝါး အမြောက်အမြားကို ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့သည်။ တစ်ဆက်တည်းသော ရက်အသီးသီးတွင်လည်း မူဆယ် မြို့နယ်၊ ရွာငံမြို့နယ်၊ ပင်လောင်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ ဖားကန့်မြို့နယ်နှင့် အခြားမြို့များ အတွင်းတွင် မူးယစ် ဆေးဝါးသယ်ဆောင်သိုဝှက်ထားမှုများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့ပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ် နေသည်။
အမျိုးအစား၊ အတိုင်းအဆ၊ပမာဏကြီးမားသော မူးယစ်ဆေးဝါးများကို ရက်ပိုင်းအတွင်း အမြောက်အမြား ဖမ်းဆီး ရမိခဲ့သည်မှာ လူတို့အတွက် မည်မျှအန္တရာယ် ကြီးမားပြီး တိုင်းပြည်အတွက် အလွန်အရေးကြီးသော ပြဿနာဖြစ်သည်ကို မှန်းဆကြည့်နိုင်သည်။ မူးယစ်ဆေးဝါးအန္တရာယ်ကို တစ်ကမ္ဘာလုံး တိုက်ဖျက် နေသော အချိန်တွင် မြန်မာနိုင်ငံအတွင်းမှ မူးယစ် ဆေးဝါးအမြောက်အမြားကို ဤကဲ့သို့ဖမ်းဆီးရမိခြင်းသည် အချိန်မီ တားဆီး ဟန့်တားနိုင်ခြင်းဖြစ်သော်လည်း နိုင်ငံအတွက်မူ ကောင်းသောလက္ခဏာ မဟုတ်ပေ။
နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို အလေးထား တားဆီးနှိမ်နင်း တိုက်ဖျက်နေ သည့်ကြားမှ မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ ဆက် တိုက် ပေါ်ထွက်နေ သည်မှာ ပြည်သူလူထုအတွင်း မူးယစ်ဆေးကိုအသုံးချမှု ပိုမိုကျယ်ပြန့်စိမ့်ဝင် နေပြီဟု ဆိုရ မည်ဖြစ်သည်။ မူးယစ်ဆေးဝါးစတင်ထွက်ရှိရာ ဒေသများမှ မြို့ပြဒေသများသို့တိုင်ပျံ့နှံ့လာခြင်းကို တစ်မျိုး သားလုံး၏ အန္တရာယ်ဟု အလေးအနက်သိမြင်ပြီး ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် တိုက်ဖျက် မှသာ လျော့နည်းကျဆင်းလာမည်ဖြစ်သည်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲမှုသည် ယခုအခါ တစ်နိုင်ငံလုံး၏ ပြဿနာကြီး တစ်ရပ်ဖြစ် နေသည်ဟု ဆိုရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးကြောင့် ပေါ်ပေါက်လာသော နောက်ဆက်တွဲပြဿနာ များ၊ နောက်ဆက် တွဲဆိုးကျိုးများမှာ ကြီးမားကျယ်ပြန့်လာသည်။ ယင်းကို မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များ နှင့်အတူ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ပါဝင်ဝိုင်းဝန်း ကူညီ တားဆီး တိုက်ဖျက်ကြ ရမည်ဖြစ်သည်။ အလွန်ကြီးမားသော အန္တရာယ်ကို သေးငယ်ပပျောက်သွားအောင် အားလုံး ဝိုင်းဝန်း ကူညီကြ ရမည် ဖြစ်သည်။
အဓိကအားဖြင့်ဒေသခံပြည်သူတို့အနေဖြင့်ငွေကြေးရလိုမှုတစ်ခုတည်း ကိုသာကြည့်၍ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားခြင်း အလုပ်တွင် မပါဝင်မိ၊ မပတ်သက်မိစေရန်လိုအပ်ပါသည်။ ပါဝင်ပတ်သက်မိလျှင် ကြီးမား
သော ရာဇဝတ်မှုမြောက်ပြီး မိမိပတ်ဝန်းကျင်၊ မိမိတိုင်းပြည်ကို ဖျက်ဆီးရာ ရောက်ပါသည်။ မူးယစ် စေသော ဆေးဝါးပစ္စည်းများ ရောင်းဝယ်ဖောက်ကား စီးပွားရှာခြင်းအမှုသည် လောက၏အပြစ်ကြီးမားသကဲ့သို့ တရားတော်အရ အသက်မွေးမှုမပြုအပ်သောအလုပ်၊ အကုသိုလ်အပြစ် အလွန်ကြီးမားသော အလုပ်ဖြစ် သည်ကို စဉ်းစားဆင်ခြင်နိုင်ဖို့လိုမည်ဖြစ်သည်။ အထူးသဖြင့် နယ်စပ်ဒေသများတွင် မူးယစ် ဆေးဝါးနှင့် ပတ်သက်၍ ဒေသခံများ ပတ်သက် နိုင်သည်ဖြစ်၍ သတိထားဆင်ခြင်နိုင်ရန် အသိပေးနှိုးဆော်အပ်ပါသည်။ | နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၀ ရက်နေ့တွင် လားရှိုးမြို့သို့ ရောက် ရှိစဉ် ဒေသခံပြည်သူများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သတိထားဆင်ခြင်နိုင်ရန်အတွက် အသိပေး စကား ပြောကြားခဲ့သည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုမရှိသူများ၊ ပြည်သူ ပြည်သားများအားလုံး ပတ်သက် မှုမရှိ အောင် နေထိုင်ကြရန်၊ မူးယစ်ဆေးဝါး ကို မသုံးစွဲမိရန်၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရာဇဝတ် မှုများနှိမ်နင်းရာတွင် တတ်နိုင်သည့်ဘက်မှ ပြည်သူများ၏တာဝန်အရ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးရန်၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများ ထိုလုပ်ရပ်များကို ရပ်ကြရန် မေတ္တာရပ်ခံပြောကြားခဲ့သည်။ ။
မြန်မာနိုင်ငံအဖို့ အလွန်အန္တရာယ်ကြီးမားသော မူးယစ်ဆေးဝါး အန္တရာယ်ကို အမျိုးသားရေးအသွင်ဖြင့် အလေး အနက်ထား တိုက်ဖျက်ဆီး လျက်ရှိရာ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့် ဆက်လက် တားဆီး ကာကွယ်ကြရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးထုတ်လုပ်သူများရှိ၍ ရောင်းဝယ်ဖောက်ကားခြင်းရှိပြီး ရောက်ဝယ်ဖောက်ကားမှုများရှိနေ၍ သုံးစွဲ သူများရှိနေခြင်းဖြစ်ရာ ထုတ်လုပ်ရောင်းဝယ် ဖောက်ကား သုံးစွဲမှု များကို ရှောင်ရှားကြရန်နှင့် ထိုသို့လုပ်ဆောင်မှုများသည် ပြည်သူကြားတွင်ဖြစ်ပွား နေ၍ တိုင်းပြည်နှင့်လူမျိုး ရေရှည် အကျိုးစီးပွားကိုကြည့်ကာ ပြည်သူများက အတတ်နိုင်ဆုံး သတင်းပေးနိုင်ကြစေရန် မေတ္တာရပ်ခံ ပါသည်။ ။
သို့ဖြစ်ရာ လူသားမျိုးနွယ်တစ်ခုလုံးကိုလူညွန့်တုံးအောင်၊ ပျက်စီးအောင် ဖျက်ဆီးနိုင်စွမ်းရှိသည့် မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားထုတ်လုပ် သုံးစွဲမှုများကို ရှောင်ကြဉ်ကြရန်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား ထုတ်လုပ်မှုများကို ပြည်သူလူထုပူးပေါင်းပါဝင်ကူညီမှုဖြင့်တားဆီးတိုက်ဖျက် နှိမ်နင်းကြရန် အလေး အနက်တိုက်တွန်းအပ်ပါသည်။ ။