Skip to main content

ဂျပန်နိုင်ငံ NHK အသံလွှင့်ဌာနမှ ရိုက်ကူးရေးအဖွဲ့ ရန်ကုန်မြို့တွင် သတင်းမှတ်တမ်းရိုက်ကူး

ရန်ကုန် မတ် ၁၂

ဂျပန်နိုင်ငံ NHK အသံလွှင့်ဌာနမှ ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ရန်ကုန် ရုပ်ရှင်သင်တန်းကျောင်း (Yangon Film School- YFS) သို့ သွားရောက် ပြီး အခြေခံရိုက်ကူးရေး သင်တန်း ဖွင့်လှစ်သင်ကြားမှုကို မှတ်တမ်း ရိုက်ကူးသည်။

မြန်မာ့ရုပ်ရှင် ပြောင်းလဲတိုးတက် လာမှုအဖြစ် Cartoon, Animation များအား စိတ်ဝင်စားမှု မြင့်တက် လာသည့် အခြေအနေကို ပုဂ္ဂလိက ရုပ်ရှင်သင်တန်းကျောင်းဖြစ်သော YFSတွင် သင်ကြားနေမှုများအား အခြေခံရိုက်ကူးပြီး စိတ်ဝင်စားဖွယ် Documentary ပြသနိုင်ရန် ဆောင် ရွက်ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့သည် မတ် ၁၃ ရက်မှ ၂၅ ရက်အတွင်း YFSတွင် ရိုက်ကူးမှု အပြင် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်၊ သမ္မတရုပ်ရှင်ရုံ ပတ်ဝန်းကျင်နှင့် ကာတွန်းဦးဝင်းဖေ (အဖျောက်)၏ တစ်နေ့တာလှုပ်ရှားမှုဘဝပုံရိပ်များ၊ ၎င်း၏ ကာတွန်းလက်ရာများကို ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း၊ ထိုသို့ ရိုက်ကူးထားရှိမှုများကို NHK အသံလွှင့်ဌာန၏ NHK World Channel တွင် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။

ဝင်းထိန်(FDC)