နေပြည်တော် မတ် ၁၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန် - မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ရေးဆောင်ရွက်
ထိုသို့တွေ့ဆုံစဉ် ဂျပန် - မြန်မာ ချစ်ကြည်ရေးအသင်း၏ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေးဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေနှင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေများကို ဆွေးနွေးကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး