နေပြည်တော် မတ် ၁၃
ယနေ့နံနက်(၀၅:၀၀) နာရီအချိန်နေပြည်တော်-ရန်ကုန်လမ်းမိုင်တိုင်အမှတ်-၃၃/၀ - ၃၃/၁ကြားတွင် Express ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှုးရုံး မှသိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်းဦးစိုင်းအောင်ထွေး တောင်ကြီးမြို့နေသူမောင်းနှင်လာသည့် ယာဉ်အမှတ်-YGN 6G/ --- အမျိုးအစား တောင်ကြီး-ရန်ကုန် ဒို့ညီနောင် ခရီးသည်တင် Express ယာဉ်သည် လေအိတ်ပေါက်ပြီး ကားကိုယ် ထည်နှင့်ဘီးပွတ်တိုက်မှုမှ မီးထွက်ကာ မီးကူးဆက်လောင်ကျွမ်းခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်ကြောင့် Express ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းသွားခဲ့ပြီး ယာဉ်ပေါ်ပါ ယာဉ်မောင်း/ ယာဉ်နောက်လိုက် အပါအဝင် ခရီးသည်ကျား(၁၂) ဦးမ(၂၀) ဦးပေါင်း (၃၂) ဦးတို့တွင် ထိခိုက် ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်းနှင့် မီးငြိမ်းသတ်နိုင်ရေးအတွက်အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဘောနတ်ကြီးစခန်းမှ တပ်ဖွဲ့ဝင် များနှင့် အထောက်အကူပြု အဖွဲ့ များ ကူညီဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
MDN