မန္တလေး မတ် ၁၂
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးဒေသတစ်ဝိုက်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သော ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးပျောက်ဆုံး ကျန်ရစ်ခဲ့သော အမေရိကန်စစ်သည်များ၏ ဖြစ်နိုင်ခြေရှိသော လူသားရုပ်ကြွင်းများကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဂုဏ်ပြု အခမ်း အနားကျင်းပ၍ အမေရိကန်လေတပ်မှ C-17 အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးဖြင့် အမေရိကန် နိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ပြန်လည်သယ်ဆောင်သွားခဲ့သည်။
ရှာဖွေမှုများ လုပ်ဆောင်
အဆိုပါ ရှာဖွေခြင်းလုပ်ငန်းကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာန၏ စစ်ကြွင်းရှာဖွေမှတ်တမ်း တင်ရေး အေဂျင်စီ(ဒီပီအေအေ)၏ အစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာ ၂၀၀၃ -၂၀၀၄ ခုနှစ်တွင် ရှာဖွေရေး အစီအစဉ် သုံးကြိမ်နှင့် ၂၀၁၃ နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုးကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါရှာဖွေခြင်းများမှ စစ်သည် ၂၃ ဦး၏ ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ကာ ယခုတွေ့ရှိခဲ့သည့် ရုပ်ကြွင်း များကိုလည်း အမေရိကန် ဟာဝိုင်အီရှိ ဒီပီအေအေ၏ ဓာတ်ခွဲခန်းသို့ ဆက်လက်ပို့ဆောင်သွားမည် ဖြစ်သည်။
''လွန်ခဲ့တဲ့ ၇၅ နှစ်ကျော်က ကျွန်တော်တို့နိုင်ငံအတွက် တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ အမေရိ ကန်နိုင်ငံ သားတွေလို့ ဖြစ်နိုင်ခြေ ရှိတဲ့ ရုပ်ကြွင်းတွေကို လွန်ခဲ့တဲ့နှစ် ကစပြီး ဒီလိုရှာဖွေသယ်ဆောင်မှု တွေကို နှစ်နိုင်ငံ အစိုးရအဖွဲ့တွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ် ပျက်ကျ သွားတဲ့ နေရာနဲ့ လေယာဉ် အစိတ်အပိုင်းတွေ တွေ့ရှိမှုပေါ် မူတည်ပြီး ရုပ်ကြွင်းတွေကို ရှာဖွေမှု ပြုလုပ် တာဖြစ် တဲ့အတွက် ယခုတွေ့ရှိ တဲ့ ရုပ်ကြွင်းတွေကလည်း အမေရိ ကန်စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ မနှစ်က လည်း ဒီလိုရုပ်ကြွင်းတွေကို သယ်ယူ ခဲ့ပေမယ့် ဒီရုပ်ကြွင်းတွေကန ရှာဖွေ တွေ့ရှိခဲ့တဲ့ စစ်သည်အရေအတွက် ကို ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါဘူး။ ဒီနှစ်မှာလည်း အလားတူဒေသမှာပဲ ရှာဖွေ မှုတွေ ပြုလုပ်သယ်ဆောင် သွားပြီး ပထမအကြိမ်နဲ့ ဒုတိယ အကြိမ် ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတွေကို ပေါင်းပြီး စစ်သည်အရေ အတွက် ဘယ်လောက်ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတာကို ဆုံးဖြတ်သွားမှာပါ။ ဒီလို ရုပ်ကြွင်းတွေ ရှာဖွေသယ်ဆောင် တဲ့လုပ်ငန်းကို အမေရိကန်နဲ့ မြန်မာ အစိုးရအဖွဲ့တို့ နှစ်နိုင်ငံ ပူးပေါင်းပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်တဲ့ အတွက် ဝမ်းမြောက်မိပါတယ်'' ဟု DPPA Team Leader For this mission, Captain Matt Moschgat က ပြောသည်။
ရှာဖွေတွေ့ရှိခြင်းမရှိသေး
အဆိုပါ ရုပ်ကြွင်းများသည် ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပျောက်ဆုံးခဲ့သော စစ်သည် ခုနစ်ဦး လိုက်ပါ သွားသည့် B-25G လေယာဉ် နှင့် ဆက်စပ်နေမည်ဟု ယူဆရပြီး ၁၉၄၆ ခုနှစ်တွင် အပျက်အစီး အပိုင်း အစ နေရာစုံစမ်းစစ်ဆေးမှု တစ်ရပ်က ညွှန်ပြခဲ့သော်လည်း ပျက်ကျခဲ့သည့်နေရာကို ရှာဖွေတွေ့ရှိ ခြင်းမရှိ သေးကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
ဓာတ်ပုံ- အောင်ဖြိုးကျော်