နေပြည်တော် မတ် ၁၂
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်တွင် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိParkRoyalHotel၌ကျင်းပသည်။
အစည်းအဝေးတွင် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ UNDP မှ LEAP Project Manager Ms. Valen-tina Bianchini နှင့် ကျွမ်းကျင်ပညာရှင် Prof, Mr. Federico Ceschelတို့က လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုနယ်ပယ်တွင် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ကို စီမံခန့်ခွဲနိုင်ရန် (Corruption Risk Management – CRM) နှင့် ကောင်းမွန်သော စီမံခန့်ခွဲမှု အလေ့ အကျင့်များကို မျှဝေရန် CPU များအတွက် အလုပ်ရုံဆွေးနွေး ပွဲတစ်ရပ်ကို မေလအတွင်း ကျင်းပရန် လျာထားမှု။
ပြည်ထောင်စုဝန်ကြီး ဌာနများ အလိုက် CPU အဖွဲ့များ ဖွဲ့စည်းထားသည်မှာ သက်တမ်းတစ်နှစ် ကျော်ပြီ ဖြစ်၍ အထိုက်အလျောက် အောင်မြင် နေမှု၊ CPU အဖွဲ့များ၏ လုပ်ငန်းတာဝန် (၃)ရပ်၊ အစီအစဉ် (၆)ချက်ကိုလည်း အတည်ပြုထုတ်ပြန်ထားပြီး အစီ အစဉ် (၆)ချက်၏ အမှတ်စဉ် (၃)ပါ အဂတိလိုက်စားနိုင်ခြေ အန္တရာယ် ရှိသော ဥပဒေ၊ စည်းမျဉ်း စည်းကမ်း အမိန့်ညွှန်ကြားချက်များကို စိစစ်သုံးသပ်ပြီး စီမံခန့်ခွဲနိုင်ရေးအတွက် စုပေါင်းဆွေးနွေးရန်လိုအပ်မှု၊ CPU အဖွဲ့များ၏ လုပ်ဆောင် ချက်များ အောင်မြင်ပါက လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှုကို ကြိုတင်တားဆီး ကာကွယ် နိုင်မှုတို့နှင့်စပ်လျဉ်း၍ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဌာန ၂၂ခုရှိ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး(CPU) အဖွဲ့များမှ တာဝန်ရှိသူများကို အုပ်စုများခွဲ၍ အဂတိလိုက်စားနိုင်ခြေအန္တရာယ် ရှိသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း အမိန့်ညွှန်ကြားချက်များကို စိစစ် သုံးသပ်ပြီး စီမံခန့်ခွဲနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်