လဟယ် မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းဆင်းပွဲကို ယနေ့နံနက်က အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းက နိုင်ငံတော်အစိုးရက နယ်စပ်ဒေသဖွံ့ဖြိုးရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ယခုလိုသင်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေး နေပါကြောင်း သင်တန်းဆင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ သင်တန်းထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်းလက်မှက်ကို နာဂဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် နယ်မြေခံ တပ်ရင်းမှူးကြီးနှင့် ဌာနဆိုင်ရာများက သင်တန်းသူများ၏ လက်ရာများကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သူ ၁၀ ဦးနှင့် ရိုးရာဂျပ်ခုတ်သင်တန်းသူ ၄၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)