Skip to main content

မြိုင်ကြီးငူ၌ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲ ကျင်းပ

လှိုင်းဘွဲ   မတ် ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကရင်ပြည်နယ်ရုံး မြိုင်ကြီးငူမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က သင်တန်းသူများအနေဖြင့် ယခုတတ်မြောက်ထားသော အိမ်တွင်းမှုအတတ်ပညာများကို အသုံးချပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ဆောင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားကြရန် အဖွင့်အမှာ စကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သိန်းဦးမှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းသူများအား ထူးချွန်းဆုနှင့် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဌာဆိုင်ရာများက အိမ်တွင်မှုသင်တန်းတွင် ခင်ကျင်းပြသထားမှုကို လှည့်လှည်ကြည့်ရှုခဲ့သည်။

အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ သင်တန်းသူ(၅၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၈)ပတ် ကြာ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)