နေပြည်တော် မတ် ၁၃
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ယနေ့ တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၁၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၈၄ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၉၉ ခုတွင် ဖြေဆိုသူပေါင်း ၉၀၉၂၂၂ ဦးရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၉၀၉၂၂၂ ဦးအနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၁၂၅ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၃၀ ၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၂၂ ဦး၊ ကိုယ်အင်္ဂါမသန်စွမ်းဖြေဆိုသူ ၁၇၀ ၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၈၉ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၂၅ ဦးရှိ ကြောင်း သိရသည်။
(သတင်းစဉ်)