Skip to main content

တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ စိတ်ကြိုက်မြန်မာစာဘာသာရပ် ဖြေဆို

နေပြည်တော် မတ် ၁၄

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာစာစစ်ဌာနများ၌ ဖြေဆိုကြသည်။

ယနေ့ဖြေဆိုသည့် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ကချင်ပြည်နယ်တွင် ၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ ဦးနှင့် ရခိုင်ပြည်နယ်တွင် တစ်ဦး စုစုပေါင်း ၁၀ ဦး ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

(သတင်းစဉ်)